25 May 2016

ဂျူးမြစ်ငါးဟင်း


ရှမ်းပြည်တောင်ပိုင်းကဒေသစာတခုဖြစ်တဲ့ဂျူးမြစ်ငါးဟင်းလေးကစားရတာစပ်ရှိန်းရှိန်းနဲ့အရသာတမူထူးလှပါတယ်။တောင်ပိုင်းဒေသစာချက်နည်းများကိုသင်ပြပေးတဲ့မမကြီးနဲ့ညီမများကိုလည်းဒီပို့စ်လေးနဲ့အတူကျေးဇူးတင်ကြောင်းပြောပါရစေရှင်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ငါးရံ့ - တစ်ကောင်(၃၀ကျပ်သားခန့်)
ဂျူးမြစ် - ၂၅ကျပ်သား (၄၀၀ ဂရမ်)
ခရမ်းချဉ်သ်ီး - ၅လုံး
ကြက်သွန်နီ - ၂လုံး
ကြက်သွန်ဖြူ - ဆယ်မြောင်း
ငရုပ်သီးစိမ်း - ၅တောင့်
နနွင်း - အနည်းငယ်
အရောင်တင် - အနည်းငယ်
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
**************
(၁)ဦးစွာငါးရံ့ကိုရေဆေးသန့်စင်ပြီးအတုံးသေးသေးလှီးဖြတ်ထားပါ။ဆားနှင့်နနွင်းထည့်ပြီးနယ်ထားပါ။
(၂)ခရမ်းချဉ်သီးသေးသေးစိတ်ပြီးကြက်သွန်ပါးပါးလှီးထားပါ။
(၃)ကြက်သွန်ဖြူနှင့်ငရုပ်သီးစိမ်းကိုရောထောင်းထားပါ။
(၄)ဂျူးမြစ်ကိုရေဆေးသန့်စင်ကာတစ်လ က်မအရွယ်လေးများပိုင်းဖြတ်ထားပါ။
(၅)အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီ ထည့်ပြီးနှပ်ထားသောငါးရံ့တို့ကိုအရောင်အနည်းငယ်ရပြီးတင်းသည်ထိကြော်ထားပြီးဆယ်ယူဆီစစ်ထားပါ။
(၆)ငါးကြော်ပြီးသားဆီကိုအနည်းငယ်ချန်ကာကျန်ဆီများကိုဖယ်ထုတ်ပြီးကြက်သွန်နီဆီသပ်ပါ။
(၇)နနွင်းအရောင်တင်ထည့်ပြီးခရမ်းချဉ်သီးသေးသေးစိတ်ထားသည်ကိုထည့်ပါ။ဆားထည့်ပြီးခရမ်းချဉ်သီးကြေညက်အောင်မွေပေးပါ။
(၈)ခရမ်းချဉ်သီးကြေညက်ပါကကြက်သွန်ဖြူ ငရုပ်သီးစိမ်းထောင်းထားသည်ကိုထည့်ပါ။
ပြီးလျှင်ဂျူးမြစ်နှင့်ငါးကြော်ထားသည်ကိုထ ည့်ပြီးသမအောင်မွေပေးပါ။
(၉)ဂျူးမြစ်အနည်းငယ်နွမ်းပါကအရသာအပေါ့အငံမြည်းပြီးလိုအပ်ပါကဖြည့်စွက်ကာသမအောင်မွေပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
တွဲဖက်ရန်အတွက်ငါးခေါင်းဆန်လှော်ဟင်းနှမ်းထူမုန့်ကြွပ်ကြော်တို့မှာအလွန်လိုက်ဖက်လှပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...