25 May 2016

အင်းမုန့်တီ


ဒေသအလိုက်ဟင်းချက်နည်းနဲ့စားသောက်ကြပုံဓလေ့များမတူကွဲပြားမှုတွေအများကြီးရှိပါတယ်။
မတူကွဲပြားတဲ့အစားအစာတွေထဲကအင်းမုန့်တီဆိုတာလေးကိုတောင်ကြီးကမိတ်ဆွေတယောက်ပြောပြတော့စိတ်ဝင်စားခဲ့တာပါ။ဒီတခေါက်ခရီးသွားရင်းရှမ်းပြည်တောင်ပိုင်းကဆွေမျိုးများရှိရာဆီကိုအရောက်သွားလို့သေချာသင်ယူဖြစ်ခဲ့ပါတယ်။တောင်ပိုင်းခရီးစဉ်တလျောက်အစစအကူညီပေးခဲ့ကြသောညီမလေးယွန်းဖူးဖူးနှင့်တကွရှမ်းအစားအစာများအင်းသားအစားအစများနှင့်ဒေသအစားအစာသိလိုသည်များကိုစိတ်ရှည်စွာရှင်းပြချက်ပြပြောပြပေးကြတဲ့သောမမကြီးနှင့်ညီအစ်မများတူမလေးများအားလုံးကိုဒီပို့စ်လေးကနေကျေးဇူးတင်ကြောင်းပြောပါရစေရှင်...
စားနေကျမုန့်ဟင်းခါးများနဲ့လုံးဝမတူတမူထူးခြားအရသာရှိတဲ့အင်းမုန့်တီချက်နည်းလေး ကိုမျှဝေပေးလိုက်ပါတယ်။ချက်စားကြည့်ရေ အာင်နော်....
ပါဝင်ပစ္စည်း
*********
ငါးဖိန်း/ငါးကြင်း - ၅၀ကျပ်သား
ခရမ်းချဉ်သီး(အမာသီး) - ၇၅ကျပ်သား
ကြက်သွန်မိတ် - ၃၀ကျပ်သား
စပါးလင် - တစ်ချောင်း
ရှမ်းပဲပုတ် - ၅ချပ်
နှမ်းထောင်း - တစ်ပန်းကန်
ပုဇွန်ထမ်းငံပြာရည် - ၅ဇွန်း စားပွဲဇွန်း
ဆား - ၃ဇွန်း
ဟင်းခပ်မှုန့် - နှစ်ဇွန်း
မုန့်တီခြောက် - ၂၅ကျပ်သား
(သို့)အစို - တစ်ပိသာ
တွဲဖက်စားရန်
**********
ကြက်သွန်နီအရောင်တင်ဆီ
နှမ်းထောင်း
နံနံပင်ကြက်သွန်မိတ်
မုန့်တီကြွပ်ကြော်
ငရုတ်သီးမှုန့်
သံပုရာသီး
ပြင်ဆင်ချက်ပြုတ်ပုံ
*************
(၁)ဦးစွာငါးဖိန်းသို့မဟုတ်ငါးကြင်းကိုရေဆေးသန့်စင်ပြီးစပါးလင်တချောင်းထုထည့်ကာရေမြုတ်အောင်ထည့်ပြီးပြုတ်ထားပါ။
မုန့်တီခြောက်ကိုရေစိမ်ထားပါ။ကြက်သွန်မိတ်ကိုလက်တစ်ဆစ်ခန့်အရှည်ဖြတ်ထားပါ။
(၂)ငါးကျက်ပါကဆယ်ယူပြီးအအေးခံထားကာငါးပြုတ်ရည်တွင်ခရမ်းချဉ်သီးအစေ့ညစ်ပြီးသားကိုထည့်ပြုတ်ပါ။
(၃)ခရမ်းချဉ်သီးနူးအိပါကဆယ်ယူကာအခွံနွာပြီးဇကာတိုက်သို့မဟုတ်ကြိတ်စက်ဖြင့်ခပ်ကြမ်းကြမ်းကြိတ်ထားပါ။
(၄)ဟင်းရည်ချက်မည့်အိုးတွင်ငါးအသားထွင်ထားသည်ကိုထည့်ပါ။ခရမ်းချဉ်သီးအနှစ်တိုက်ထားသည်နှင့်ပြုတ်ရည်ကိုထည့်ပါ။
(၅)ရေနွေးပွက်ပွက်ဆူကို၃လီတာခန့်ထည့်ပါ။အပျစ်အကျဲချိန်ထည့်ပါ။
ကြက်သွန်မိတ်ဖြတ်ထားသည်ကိုထည့်ပါ။
(၆)တပြိုင်တည်းပဲပုတ်ဖုတ်ပြီးထောင်းထားသည်နှင့်နှမ်းလှော်ထောင်းဆားငံပြာရည်ဟင်းခပ်မှုန့်တို့ကိုထည့်ပြီးဆူပွက်အောင်တည်ထားပါ။
(၇)ဆူပွက်ပြီးဟင်းရည်ကျပါကရေစိမ်ထားသောမုန့်တီခြောက်ကိုဆယ်ယူရေစစ်ပြီးဟင်းရည်အိုးတွင်ရောထည့်တည်ကာအနည်းငယ်အိအောင်တည်ပေးပါ။
(၈)မုန့်ဖတ်နူးအိပါကပန်းကန်တွင်ခပ်ထည့်ပြီးပွဲပြင်ကာနှမ်းထောင်းနံနံပင်ကြက်သွန်မိတ်ကြက်သွန်အရောင်တင်ဆီမုန့်တီကြွပ်ကြော်သံပုရာသီးထည့်ုပြီးတည်ခင်းနိုင်ပါပြီ။
(၉)မုန့်ဖတ်အစိုကိုအသုံးပြုပါကစားမည့်အချိန်မှသာဟင်းရည်လောင်းထည့်ကာနှမ်းထောင်းကြက်သွန်မိတ်နံနံပင်မုန့်ကြွပ်ကြော်ကြက်သွန်ဆီချက်သံပုရာသီးတို့ထည့်ပြီးသုံးဆောင်နိုင်ပါပြီ။
❀❀မုန့်ဖတ်အခြောက်မှာအပြုတ်ခံ၍တခါတည်းရောပြီးပြုတ်ထားနိုင်ပါတယ်။
❀❀ငါးဖိန်းဖြင့်ချက်လျှင်အကောင်းဆုံးဖြစ်ပြီးမရှိပါကငါးကြင်းကိုအစားထိုးသုံးနိုင်ပါတယ်။
❀❀ငါးပြုတ်ချိန်တွင်ဆားမထည့်ရ။အသားမာကျစ်သွားတတ်သည်။
..........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...