25 May 2016

အာလူးထမင်းနယ်


Potato Rice

ရှမ်းအစားအစာများကိုရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်းဒေသအလိုက်လုပ်နည်းလေးတွေကွဲကြပါတယ်။ဆိုဖီယာကတော့မြောက်ပိုင်းသူပါ။ဒါကြော င့်တောင်ပိုင်းကစားလေ့စားထရှိတဲ့အစားအစာများကိုလေ့လာသင်ယူဖို့ဒီတလတောင်ပိုင်းနေရာအတော်များများကိုသွားဖြစ်ခဲ့ပါတယ်။တောင်ပိုင်းခရီးစဉ်တလျောက်အစစအကူညီပေးခဲ့ကြသောညီမလေးယွန်းဖူးဖူးနှင့်တကွရှမ်းအစားအစာများဒေသစာသိလိုသည်များကိုစိတ်ရှည်စွာရှင်းပြချက်ပြပြောပြပေးကြတဲ့နောင်မွန်နှင့်လွိုင်ကော်မြို့မှဆွေမျိုးများဖြစ်ကြသောမမကြီးနှင့်ညီအစ်မများတူမလေးများအားလုံးကိုဒီပို့စ်လေးကနေကျေးဇူးတင်ကြောင်းပြောပါရစေရှင်  ...
အာလူးထမင်းနယ်ကိုသားရေစာအဖြစ်စားကြသလိုထမင်းအဖြစ်လည်းသုံးဆောင်နိုင်ပါတယ်။အချို့တိုင်းရင်းသားများကတော့မင်္ဂလာဧည့်ခံပွဲမှာတည်ခင်းဧည့်ခံလေ့ရှိတယ်လို့ဆိုပါတယ်။လွယ်ကူပြီးသတ်သတ်လွတ်လေးဖြစ်သလိုအရသာရှိတဲ့ရိုးရာအစားစာလေးဖြစ်ပါတယ်။လုပ်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း
********
ရှမ်းဆန် (ယာဆန်) - နို့ဆီဘူး ၃ဘူး
ဆား - ၁ဇွန်း စားပွဲဇွန်း
အာလူး - ၈၀၀ ဂရမ်
ကြက်သွန်ဖြူနနွင်းဆီချက် - တစ်ပန်းကန်
တွဲဖက်စားရန်
**********
ကြက်သွန်ဖြူဆီချက်
ငရုပ်သီးခြောက်ကြော်
ကြက်သွန်ဖြူ သေးသေး
ဂျူးမြစ်
နံနံပင်
သားရေပွကြော်/နှမ်းထူမုန့်ကြွပ်/ ဆန်လုံးစီ
ဆန်လှော်ဟင်းခါး
ပြင်ဆင်ချက်ပြုတ်ပုံ
*************
(၁)ဦးစွာပထမထမင်းကိုဆားထည့်ပြီးအရင်ချက်ရပါ့မယ်။ရှမ်းဆန်ယာဆန်ကတော့အကောင်းဆုံးပါ။မရှိလျှင်ဆူရှီဆန်ကိုအစားထိုးနိုင်ပါတယ်။ဆန်ဆေးပြီးလိုအပ်သောရေပမာဏထည့်ပါ။ပေါင်းအိုးမှအညွှန်းတိုင်းထည့်နိုင်ပါတယ်။ထမင်းကျက်ပါကအဖုံးလပ်ထားပြီးအအေးခံထားပါ။
(၂)အာလူးကိုသီးသန့်ပြုတ်ပြီးအခွံသင်ထားပါ။ကြက်သွန်ဖြူနနွင်းဆီချက်ချက်ထားပါ၊
(၃)အားလုံးအသင့်ဖြစ်ပါကဘမ်းသို့မဟုတ်အိုးကြီးကြီးတခုတွင်ထမင်းအာလူးနနွင်းဆီချက်တို့ကိုထည့်ပြီးစေးပြီးသမအောင်နယ်ပေးပါ။
(၄)အရသာအပေါ့အငံမြည်းပြီးလိုအပ်ပါက ဆားအနည်းငယ်ဖြည့်စွက်ပါ။
(၅)စီးထွေးလာပါကမိမိနှစ်သက်ရာအရွယ်လုံးပြီးအနည်းငယ်ပြန်ပြားပေးပါ။
(၆)အားလုံးပြုလုပ်ပြီးစီးပါကပုံတွင်ပြထားသည့်အတိုင်းကြက်သွန်ဖြူဆီချက်၊ဂျူးမြစ်ကြက်သွန်ဖြူနံနံပင်၊နှမ်းထူမုန့်ကြွပ်၊ဆန်လှော်ဟင်းခါးတို့ဖြင့်တွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
...............
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...