28 February 2016

တုံယမ်းကြက်တောင်ပံကင်


Tom Yum Chicken Wings
 ❀ ❀ ❀

ကြက်ကင်နှင့်ကြက်တောင်ပံကင်တို့ကိုအရသာအမျိုးမျိုးပြုလုပ်ကြတဲ့အထဲကတုံယမ်းအရသာချဉ်ငံစပ်ဖြင့်ကင်ထားတဲ့တုံယမ်းကြက်တောင်ပံကင်လေးဘဲဖြစ်ပါတယ်။အစာပြေစာအကင်အဖြစ်စားနိုင်သလိုဟင်းပွဲအနေဖြင့်လည်းတည်ခင်းနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း (တစ်ပွဲစာ)
*********
ကြက်တောင်ပံ - ငါးချောင်း
တုံယမ်းအနှစ် - နှစ်ဇွန်း စားပွဲဇွန်း
ခရုဆီ - တစ်ဇွန်း
စပါးလင် - တစ်ချောင်း
ရှောက်ခါးရွက် - နှစ်ရွက်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကြက်တောင်ပံကိုရေဆေးသန့်စင်ပြီးမီးဖိုချောင်သုံးစက္ကူဖြင့်ခြောက်သွေ့အောင်ပြုလုပ်ထားပါ။စပါးလင်နှင့်ရှောက်ရွက်ကို ပါးပါးစိတ်ပြီးထောင်းထားပါ။
(၂)ခြောက်သွေ့ပါကတုံယမ်းအနှစ်ခရုဆီ စပါးလင်ရှောက်ရွက်ထောင်းထားသည်တို့ကိုထည့်ပြီးသမအောင်နယ်ပေးပြီးလျှင်ရေခဲသေတ္တာတွင်မိနစ်၃၀မှတစ်နာရီထိအရသာဝင်အောင်နှပ်ထားပေးပါ။
(၃)ovenကို၂၀၀ဒီဂရီအပူပေးထားပါ။အရသာနယ်နှပ်ထားသောကြက်တောင်ပံကိုဆီသုတ်ထားသောဘမ်းသို့မဟုတ်ဇကာပေါ်တင်ပြီး၂၅ မိနစ်ခန့်ကင်ပေးပါ။
(၄)ကင်နေစဉ်တွင်အရောင်ညီစေရန်အထက်အောက်လှန်ပေးပါ။
(၅)လိုချင်သောအရောင်အနေအထားရပါကကြက်တောင်ပံကင်နူးမနူးစစ်ကြည့်ကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
..............
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...