28 February 2016

မုန်လာဥ>>ခါကြက်ဥဟာလဝါ



Carrot halwa >> Gajar halwa

အိန္ဒိယအချိုပွဲတခုဖြစ်တဲ့ခါကြက်ဥဟာလဝါလေးဖြစ်ပါတယ်။ ပြုလုပ်ရလွယ်ကူပြီးအရသာထူးခြားကောင်းမွန်လှပါတယ်။လွယ်ကူတဲ့ပါဝင်ပစ္စည်းလေးတွေနဲ့ပြု လုပ်ပြီးအချိုပွဲတည်ခင်းနိုင်ဖို့ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ခါကြက်ဥမုန်လာဥ - ၃တောင့် ၄၅၀ ဂရမ်
သကြား - ၅၀ ဂရမ်
နို့ဆီ - ၅၀ ဂရမ်
နွားနို့ - ၁၀၀ ml
ထောပတ် - ၂ဇွန်း စားပွဲဇွန်း
ဖာလာစေ့ - ၃စေ့
စပျစ်ခြောက် / သီဟိုဠ်စေ့ - ၅၀ ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)မုန်လာဥကိုရေဆေးသန့်စင်ပြီးအခွံသင်ကာအမျှင်လေးများခြစ်ထားပါ။
(၂)အောက်ခြေထူသောအိုးတခုတွင်ထောပတ်ကိုအပူပေးပြီးဖာလာစေ့ကိုဆီသပ်ပါ။
(၃)မုန်လာဥခြစ်ထားသည်ကိုထည့်ပါ။မုန်လာဥကိုထောပတ်ဖြင့်အရောင်ပြောင်းလာသည်ထိကြော်ပေးပါ။
(၄)မုန်လာဥစိမ်းနံ့ပျောက်ပါကသကြားနို့ဆီနှင့်နွားနို့ထည့်ပြီးခမ်းပြီးခြောက်ကာဆီပြန်လာသည်ထိမွေပေးပါ။
(၅)ဆီပြန်ပြီးလုံးလာပါကစပျစ်ခြောက်သစ်သီးခြောက်နှစ်သက်ရာထည့်ပြီးမီးဖိုမှချကာအပူဖြစ်စေအအေးဖြစ်စေတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ ပြုလုပ်ပြီးရေခဲသေတ္တာတွင်တပတ်ခန့်သိမ်းဆည်းထားနိုင်သည်။
.............
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...