1 January 2016

Cheese Stick


ချိစ်အချောင်းကြော်
ချိစ်အချောင်းကြော်ကိုဆိုင်ကြီးတွေမှာသာရနိုင်တဲ့အစားအစာတခုလည်းဖြစ်ပါတယ်လွယ်လွယ်ကူကူနဲ့အိမ်မှာလုပ်ပြီးခဲထားရုံနဲ့လည်းအချိန်မရွေးစားချင်တဲ့အချိန်ကြော်စားနိုင်မှာဖြစ်ပါတယ်။လွယ်ကူတဲ့ပါဝင်ပစ္စည်းများနဲ့ကလေးလူကြီးအားလုံးနှစ်သက်ကြမဲ့ချိစ်အချောင်းကြော်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ရေ - ၄၀၀ml
ထောပတ်ခဲ - ၂၀၀ဂရမ်
(unsalted Butter )
ဂျုံ - ၂၀၀ဂရမ်
ချိစ်အပြား - ၄၀၀ဂရမ်
(Chadder Cheese)
ကြက်ဥ - ၄လုံး
ပေါင်မုန့်ခြောက် - တစ်ပန်းကန်
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)အိုးတခုတွင်ရေနှင့်ထောပတ်ကိုထည့်ပြီးအပူပေးပါ။ဆူပွက်ခါနည်းအနေတွင်ဂျုံမှုန့်ထည့်ပြီးမီးပိတ်ကာအဆက်မပျက်မွေပေးပါ။အလုံးအခဲများမဖြစ်စေရန်သေချာမွေပေးပါ။
(၂)ပြီးလျှင်ကြက်ဥကိုတလုံးဆီဖောက်ထည့်ပြီးသမအောင်မွေပေးပါ။
❀❀လေးလုံးတပြိုင်တည်းမထည့်ရ
(၃)ကြက်ဥနှင့်ဂျုံသားတသားတည်းဖြစ်ပြီးပြောင်ချောလာပါကအအေးခံထားပါ။
❀❀ကြက်ဥထည့်မွေချိန်တွင်မုန့်နှစ်အပူချိန်သည်ကြက်ဥကျက်သွားသောအနေဖြစ်ရမည်။သို့မဟုတ်ပါကမုန့်လုံးမှာပျော့နေတတ်ပြီးလိမ့်ချိန်တွင်ကပ်နေတတ်သည်။
(၄)အအေးခံထားစဉ်ချိစ်ကို၁စင်တီမီတာအတုံးလေးများလှီးဖြတ်ထားပါ။
(၅)အအေးခံထားသောမုန့်နှစ်ခပ်နွေးနွေးချိစ်မပျော်နိုင်သောအနေအထားတွင်လှီးဖြတ်ထားသောချိစ်ကိုထည့်ပြီးသမအောင်လက်ဖြင့်သေချာနယ်ပေးပြီးလုံးဝအေးသွားသည်ထိပလပ်စတစ်ဖုံးအုပ်ကာရေခဲသေတ္တာတွင်ခဏထည့်ထားပါ။
(၆)အေးသွားလျှင်တလုံးကို၂၀ဂရမ်ဆီချိန်ပြီးအလုံးလေးများလုံးထားပါ။
သန့်ရှင်သောစားပွဲပေါ်တွင့်လိမ့်ရန်ပြင်ဆင်ထားပါ။
(၇)ပြီးလျှင်တလုံးဆီကို၆စင်တီမီတာအရှည်ရအောင်လိမ့်ပေးပြီးပေါင်မုန့်ခြောက်ဖြင့်ကပ်ပါ။
(၈)ဘမ်းတခုတွင်စီထည့်ပြီးအခဲခန်းတွင်ခဲထားပါ။ခဲသွားလျှင်လေလုံသောဘူးတွင်စီထည့်ပြီးအခဲခန်းတွင်သိမ်းဆည်းထားနိုင်ပြီးမိမိသုံးဆောင်လိုသောအချိန်တွင်ဆီပူတွင်တစ်မိနစ်ခွဲခန့်ရွှေဝါရောင်ရအောင်ကြော်ပြီးနှစ်သက်ရာဆော့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
❀❀အခဲခန်းမှထုတ်ယူပြီးချက်ချင်းကြော်နိုင်ပါတယ်။အပြင်ထုတ်ထားပြီးပျော်အောင်ထားရန်မလိုပါ။
.............
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...