31 December 2015

ဒင်းမ်ဆမ်းကြက်ခြေထောက်ပေါင်း


Dim Sum Style Steamed Chicken Feet
ဒင်းမ်ဆမ်းဆိုင်တွေမှာတည်ခင်းလေ့ရှိတဲ့ကြက်ခြေထောက်ပေါင်းလေးဖြစ်ပါတယ်။ဒင်းမ်ဆမ်းနှစ်သက်သူများအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ကြက်ခြေထောက် - အချောင်း ၂၀
ရှီတာခီမှိုခြောက် - လက်တစ်ဆုပ်
မြေပဲဆံ - လက်တစ်ဆုပ်
ကြက်သွန်မိတ်အရင်း - ၃ပင်
ကြက်သွန်ဖြူ - ၃မြောင်း
ဂျင်း - လက်တစ်ဆစ်
နာနတ်ပွင့် - ၃ပွင့်
ငရုပ်သီး- ၃တောင့်
ပဲငံပြာရည် အနှောက် - ၂ဇွန်းစားပွဲဇွန်း
ဟင်းခပ်မှုန့် - ၂ဇွန်း
ခရုဆီ - နှစ်ဇွန်း
ဆား - အနည်းငယ်
ဆီ - ကြော်ရန်
ကြက်သွန်မိတ် -အနည်းငယ်
ရှာလကာရည် -၃ဇွန်း ရေနွေဖျောရန်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကြက်ခြေထောက်ကိုရေဆေးသန့်စင်ပြီးရေစစ်ထားပါ။ ခြေသည်းများနှင့်ခြေထောက်အရင်းပိုင်းကိုဖြတ်ထားပါ။
(၂)မီးဖိုပေါ်တွင်ရေနွေးတအိုးကိုရှာလကာရည်ထည့်ပြီးတည်ထားပါ။
(၃)ဆူပွက်ပါကရေစစ်ထားသောကြက်ခြေထောက်ကိုထည့်ပြီး ၃မိနစ်ဖျောကာဆယ်ယူရေအေးလောင်းကာရေစစ်ထားပါ။
(၄)ရေစစ်သွားပါကပဲငံပြာရည်အမဲတစ်ဇွန်းထည့်နယ်ကာနာရီဝက်ခန့်နှပ်ထားပါ။
(၅)အိုးတခုတွင်ဆီများများကိုအပူပေးပြီးနပ်ထားသောကြက်ကိုဆီပူတွင်နီညိုရောင်ရသည်ထိကြော်ပြီးဆယ်ယူကာရေခဲရေစိမ်ပေးပါ။အနည်းဆုံးလေးနာရီမှတညစိမ်ပေးပါ။တညစိမ်ပေးခြင်းဖြင့်နူးညံ့တဲ့ကြက်ခြေထောက်အနေကိုရမှာဖြစ်ပါတယ်။
(၆)ကြက်ခြေထောက်ပေါင်းရန်အတွက်ရှီတာခီမှိုမြေပဲတို့ကိုရေစိမ်ထားပါ။ကြက်သွန်ဖြူကြက်သွန်မိတ်အရင်းဂျင်းငရုပ်သီးတို့ကိုသေးသေးစိတ်ထားပါ။
(၇)ရေစိမ်ထားသောကြက်ခြေထောက်ရလျှင်ဆယ်ယူရေစစ်ထားပြီးပေါင်းရန်အတွက်ဘမ်းတွင်ထည့်ပါ။ဆော့အတွက်ပါဝင်ပစ္စည်းများမှိုမြေပဲကြက်သွန်မိတ်အရင်းဂျင်းကြက်သွန်ဖြူသေးသေးစိတ်ထားသည်တို့ကိုထည့်ပါ။
(၈)ဟင်းခပ်မှုန့်ခရုဆီပဲငံပြာရည်နှမ်းဆီမွေးငရုပ်ကောင်းဆားနာနတ်ပွင့်တို့ကိုထည့်ပြီးသမအောင်မွေပေးပါ။
(၉)အသင့်ပြုလုပ်ထားသောရေနွေးပေါင်းအိုးတွင် မိနစ်၃၀မှ၄၅မိနစ်ခန့်ပေါင်းပါ။
(၁၀)ကြက်ခြေထောက်နူးအိပါကပေါင်းအိုးမှထုတ်ယူကာအိုးတခုတွင်ထည့်ပြီးကြက်ခြေထောက်မှထွက်လာသောဆော့စ်များကိုအနည်းငယ်ပျစ်ပြီးခမ်းအောင်ပြုလုပ်ပြီးပန်းကန်တွင်တည်ခင်းကာနှမ်းနှင့်ကြက်သွန်မိတ်ဖြူးပြီးသုံးဆောင်နိုင်ပါပြီ။
...........
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...