24 January 2016

သံပုရာသီးသနပ်


Lemon Pickle
သံပုရာသီးသနပ်ကိုမတူညီတဲ့ပုံစံအမျိုးမျိုးနဲ့ပြုလုပ်လေ့ရှိကြပါတယ်။အများအားဖြင့်ဆားသိပ်နေလှန်းပြီးပြုလုပ်ကြသလိုအချို့လည်းအစိမ်းကိုတိုက်ရိုက်လှီးနယ်နှပ်ပြုလုပ်တာလည်းရှိပါတယ်။အခုပြုလုပ်မဲ့နည်းလေးကတော့အလုပ်မရှုပ်ဘဲအချိန်တိုအတွင်းစားနိုင်အောင်ပြုလုပ်ထားတဲ့နည်းဘဲဖြစ်ပါတယ်။လုပ်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်း
********
သံပုရာသီး - ၅လုံး
ကြက်သွန်ဖြူ  - ၁၀မြောင်း
ငရုပ်သီးစိမ်း - အနည်းငယ်
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား - ၅ဇွန်း
ရှာလကာရည် - ၅ဇွန်း
ရေနွေး - တစ်ခွက် (အချိုပန်းကန်)
အသားမဆလာ/ မဆလာ - နှစ်ဇွန်း
မဆလာအစားပဲနံသာစေ့နှင့်မုန်ညင်းစေ့ကိုလှော်ပြီးကြိတ်သုံးနိုင်ပါတယ်။
အရောင်တင် - တစ်ဇွန်း
နနွင်း - အနည်းငယ်
ဆီ - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)သံပုရာသီးကိုရေဆေးသန့်စင်ပြီးလေး စိတ်ကွဲအနေဓားရာပေးပါ။ပြတ်အောင်မဖြတ်ရ။
(၂)အိုးတခုတွင်သံပုရာသီးနှင့်ရေထည့်ပြီးသံပုရာသီးနူးအိလာသည်ထိပြုတ်ပြီးဆယ်ယူရေစစ်ထားပါ။ပြုတ်ချိန်တနာရီခန့်ကြာပါတယ်။(နူးအိပါကသံပုရာသီးမှအခါးဓာတ်များလျော့နည်းသွားမှာဖြစ်ပါတယ်။)
(၃)လုံးဝအေးသွားသောသံပုရာသီးကိုလေးစိတ်လှီးဖြတ်ပါ။
(၄)ပန်းကန်တခုတွင်ရေနွေးအနည်းငယ်ဖြင့်သကြားဆားကိုထည့်ပြီးပျော်အောင်မွေပေးပါ။ရှာလကာရည်ထည့်ပါ။
(၅)လေးစိတ်စိတ်ထားသောသံပုရာသီးကိုထည့်ပြီးသမအောင်မွေပေးကာပုလင်းထဲသိပ်ထည့်ပြီးတပတ်နှပ်ထားပါ။(ဤအဆင့်တွင်တပတ်ထိမစောင့်ဘဲနှပ်ပြီးတပတ်ထားပြီးစစားလို့ရပါပြီ။)
(၆)ပဲနံ့သာနှင့်မုန်ညင်းစေ့သုံးလိုပါကလှော်ပြီးကြိတ်ထားပါ။နှစ်သက်ရာဟင်းခပ်မဆလာလည်းသုံးနိုင်ပါတယ်။
(၇)အိုးတခုတွင်ဆီထည့်ပြီးဟင်းခပ်မဆလာများကိုမီးအေးအေးဖြင့်ဆီသပ်ပါ။အရောင်အတွက်နနွင်းအရောင်တင်သုံးနိုင်ပါတယ်။အချို့ဟင်းခပ်မဆလာများတွင်ပါဝင်ပြီးဖြစ်၍ထပ်ထည့်ရန်မလိုပါ။
(၈)ဆီသပ်ပြီးပါကစိမ်ထားသောသံပုရာသီးကိုဆယ်ယူပြီးထည့်ပါ။ကြက်သွန်ဖြူငရုပ်သီးစိမ်းထည့်ပါ။အရသာအပေါ့အငံမြည်းကာလိုအပ်ပါကဖြည့်စွက်ပါ။
(၉)အားလုံးသမအောင်မွေပြီးမီးဖိုမှချပါ။အအေးခံပြီးပုလင်းထဲထည့်ကာအပေါ်ယံဆီဖုံးအောင်ထည့်ပြီးတပတ်ခန့်နှပ်ထားပါ။နှစ်သက်ရာထမင်းဖြူဒန်ပေါက်ထောပတ်ထမင်းတိုရှည်စသည်တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
............
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...