24 January 2016

ကြက်သွန်ဖြူသနပ်


Garlic Pickle
အစာလည်းဆေးဆေးလည်းအစာဆိုသလိုကြက်သွန်ဖြူကိုနေ့စဉ်စားသုံးခြင်းဖြင့်ခန္တာကိုယ်အတွက်ကောင်းကျိုးများစွာဖြစ်စေကြောင်းကျန်းမာရေးပညာပေးမှုများစွာကိုသိထားကြမှာပါ။
သို့သော်အစိမ်းစားလျှင်အနံပြင်းသဖြင့်အချို့သူများစားလေ့မရှိကြတာမို့ကြက်သွန်ဖြူကိုစားရလွယ်ကူအောင်ပုံစံအမျိုးမျိုးပြုပြင်ပြီးထုတ်လုပ်ရောင်းချလေ့ရှိကြပါတယ်။ဟင်းချက်ရာမှာလည်းထည့်သွင်းအသုံးပြုကြပါတယ်။
ကြက်သွန်ဖြူသနပ်အတွက်ပျားရည်နှင့်သံပုရာသီးတို့ကိုသာအသုံးပြုပြီးပြုလုပ်ထားတာကြောင့်ကြက်သွန်ဖြူရဲ့ဓာတ်သတ္တိတွေကိုလည်းထပ်တိုးအကျိုးရှိစေပါတယ်။
့မိမိတို့အိမ်သားများလည်းနေ့စဉ်စားဖြစ်ရန်အတွက်လွယ်ကူစွာပြင်ဆင်နိုင်ပြီးထမင်းနဲ့တွဲဖက်စားရလွယ်ကူစေတဲ့ကြက်သွန်ဖြူသနပ်ပြုလုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်သွန်ဖြူ  - ၃လုံး
သံပုရာသီး - တစ်လုံး
ငရုပ်သီးစိမ်း - အနည်းငယ်
ဆား - ဇွန်းတဝက် စားပွဲဇွန်း
ပျားရည် - ၃ဇွန်း
ပဲနံ့သာစေ့ - တဇွန်း လ္ဘက်ဇွန်း
မုန်ညင်းစေ့ - တစ်ဇွန်း လ္ဘက်ဇွန်း
နှမ်း - အနည်းငယ်
အရောင်တင်ငရုပ်သီးမှုန့် - ၃ဇွန်း စားပွဲဇွန်း
ဆီ - တစ်ပန်းကန်
ဆီသပ်​ရွက်​သစ်​ဂျပိုး​ခေါက်​တို့ထည့်​လိုကဆီသပ်​ထည့်​ပါ။
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ကြက်သွန်ဖြူကိုအခွံသင်ရေဆေးသန့်စင်ပြီးရေခြောက်အောင်လေသလပ်ထားပေးပါ။အမြောင်းကြီးဖြစ်ကာကထပ်ခြမ်းခြမ်းထားပါ။
(၂)ပဲနံ့သာနှင့်မုန်ညင်းစေ့ကိုလှော်ပြီးကြိတ်ထားပါ။
(၃)အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးအရောင်တင်နှင့်ဟင်းခပ်မဆလာများကိုမီးအေးအေးဖြင့်ဆီသပ်ပါ။
(၄)ဆီသပ်ပြီးပါကမီးပိတ်ပြီးကြက်သွန်ဖြူငရုပ်သီးထည့်ကာဆားပျားရည်နှင့်သံပုရာသီးညစ်ထည့်ကာသမအောင်မွေပြီးအရသာအပေါ့အငံမြည်းပါ။အေးလျှင်ပုလင်းတွင်ထည့်ပြီးတရက်နှပ်ထားပါ။
(၅)ဒုတိယရက်တွင်ဆီကိုကျက်အောင်ချက်ပြီးအအေးခံကာကြက်သွန်ဖြူအပေါ်ဆီဖုံးအောင်ထည့်ပြီးတပတ်ခန့်နှပ်ထားပြီးထမင်းဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

............
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...