24 January 2016

မြန်မာမုန်လာချဉ်



မုန်လာဥကိုပုံစံမျိုးစုံအချဉ်တည်ပြီးစားသုံးနေကျတဲ့ထဲကမြန်မာ့နည်းနဲ့စိမ်ထားတဲ့မုန်လာချဉ်တည်နည်းဖြစ်ပါတယ်။မုန်လာချဉ်ကိုငါးပိရည်နဲ့မြုတ်စားနိုင်သလိုဟင်းရံတခွက်အဖြစ်သုပ်စားနိုင်ပြီးအချို့ဒေသတွေမှာညနေပိုင်းသားရေစာအဖြစ်လည်းသုပ်စားလေ့ရှိကြပါတယ်။
ပါဝင်ပစ္စည်း
********
မုန်လာဥဖြူ ကြီးကြီး- တစ်လုံး
ဆန်ဆေးရည်/ထမင်းရည် - တစ်ပုလင်း
ပုလင်းသန့်သန့် - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)မုန်လာဥဖြူကိုရေဆေးသန့်စင်ပြီးမထူမပါးစိတ်ထားပါ။အရိုးနှင့်အရွက်များပါထည့်နိုင်ပါတယ်။ပိုးတီလှီးလိုကလှီးပါ။
(၂)အအေးခံထားသောထမင်းရည်သို့မဟုတ်ဆန်ဆေးရည်ဒုတိယရည်ကိုပြင်ဆင်ထားပါ။
(၃)သန့်ရှင်းခြောက်သွေ့ကာဆီကင်းသောပုလင်းထဲသို့အသင့်လှီးထားသောမုန်လာဥကိုထည့်ပြီးအပေါ်မှထမင်းရည်အေးသို့မဟုတ်ဆန်ဆေးရည်ထည့်ပြီးအဖုံးလုံအောင်ပိတ်ကာသာမန်အခန်းအပူချိန်တွင်ထားပါ။
(၄)ထမင်းရည်အသုံးပြုပါကနှစ်ရက်မှသုံးရက်မြောက်နေ့တွင်စတင်သုံးဆောင်နိုင်ပါပြီ။ဆန်ဆေးရည်အသုံးပြုပါကရက်အနည်းငယ်ပိုကြာတတ်ပြီးအလွန်ပူနွေးသောနေရာတွင်မထားရပါ။မချဉ်ခင်အပူလောင်ပြီးပျောဖတ်သွားတတ်ပါတယ်။
(၅)ချဉ်သွားသောမုန်လာချဉ်ကိုရေခဲသေတ္တာတွင်ထည့်ပြီးအချဉ်မလွန်အောင်သိမ်းထားပြီးနှစ်သက်သလိုမြုတ်စားသုပ်စားနိုင်ပါပြီ။
မုန်လာချဉ်သုပ်နည်း
*************
မုန်လာချဉ်ကိုပဲမှုန့်အကျက်မှုန့်နံနံပင်ဆားငရုပ်သီးထည့်ပြီးချဉ်ချဉ်စပ်စပ်သုပ်ထားပါကမုန်လာချဉ်နှင့်ပဲမှုန့်ပေါင်းစပ်ထားသောအနံ့မှာနှစ်သက်သူအဖို့တော့အလွန်တရာဘဲစားကောင်းတဲ့အသုပ်တပွဲဖြစ်ပါတယ်ရှင်။အချို့လ္ဘက်သုပ်ဆိုင်များအသုပ်စုံဆိုင်များမှာလည်းမုန်လာချဉ်သုပ်ကိုတွဲဖက်ရောင်းချလေ့ရှိပါတယ်။
............
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...