25 January 2016

ဒန့်ဒလွန်သီးသနပ်


Drumstick Pickle

ဟင်းသီးဟင်းရွက်အသီးအနှံအမျိုးမျိုးကိုအချဉ်တည်ခြင်းသနပ်ပြုလုပ်ခြင်းဖြင့်ရက်ရှည်အထားခံအောင်အမျိုးမျိုးစီမံစားသောက်လေ့ရှိကြပါတယ်။စားနေကျသနပ်များနှင့်မတူတမူထူးခြားတဲ့ဒန့်ဒလွန်သီးသနပ်ပြုလုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတ ယ်။
ပါဝင်ပစ္စည်း
********
ဒန့်ဒလွန်သီး - ၃တောင့်
ခရမ်းချဉ်သီးအကြီး - နှစ်လုံး
ငရုပ်သီးအရောင်တင် - ၄ဇွန်း စားပွဲဇွန်း
ပဲနံ့သာစေ့ - တစ်ဇွန်း
မုန်ညင်းစေ့ - တစ်ဇွန်း
မန်ကျည်းမှည့် - လက်တစ်ဆုပ်
ဆီသပ်ရွက် - တစ်ခက်
ငရုပ်သီးစိမ်း - ၅တောင့်
ဆား - ဇွန်းတဝက်
ဆီ - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဒန့်ဒလွန်သီးကိုလက်တဆစ်ခန့်ဖြတ်ပြီးအပေါ်ခွံတစ်ထပ်ခွာထားပါ။
(၂)ခရမ်းချဉ်သီးသေးသေးစိတ်ပြီးရေခမ်းရုံပြုတ်ထားပါ။မန်ကျည်းမှည့်ရေဆေးပြီးရေနွေးစိမ်ထားပါ။ပဲနံသာစေ့နှင့်မုန်ညင်းစေ့လှော်ပြီးကြိတ်ထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးအပူပေးကာအခွံသင်ပြီးသားဒန့်ဒလွန်သီးများကိုချကြော်ပါ။မီးအနေတော်ဖြင့်အနည်းငယ်ညိုရောင်သမ်းသည်ထိကြော်ပြီးဆယ်ယူဆီစစ်ထားပါ။
(၄)ပြီးလျှင်အိုးထဲတွင်ဆီအနည်းငယ်ချန်ပြီးအရောင်တင်ဆီသပ်ရွက်ပဲနံသာစေ့မုန်ညင်းစေ့အမှုန့်တို့ကိုဆီသပ်ပါ။
(၅)ဆီသပ်နံ့မွေးလာပါကပြုတ်ထားသောခရမ်းချဉ်သီးထည့်ပြီးအနှစ်ကျကြေအောင်ချေပေးပါ။ဒန့်ဒလွန်သီးကြော်ထားသည်ကိုထည့်ပါ။ဆားထည့်ပြီးသမအောင်မွေကာဒန့်ဒလွန်သီးကျက်အောင်မွေပေးပါ။ငရုပ်သီးစိမ်းထည့်ပါ။
(၆)မန်ကျည်းမှည့်အနှစ်တိုက်ပြီးထည့်ပါ။ဆီပြန်လာပါကအရသာအပေါ့အငံမြည်းကာမီးဖိုမှချပြီးအအေးခံထားပါ။
(၇)လုံးဝအေးသွားလျှင်သန့်ရှင်းခြောက်သွေ့သောပုလင်းတွင်ထည့်ပါ။ဒန့်ဒလွန်သီးကြော်ထားသည့်ဆီကိုအပေါ်မှထည့်ပြီးရေခဲသေတ္တာတွင်သိမ်းဆည်းထားပါ။ဇွန်းသန့်သန့်ဖြင့်ခပ်ယူစားသုံးပါက၃လခန့်သိမ်းဆည်းထားနိုင်ပြီးထမင်းဖြူနှင့်ဖြစ်စေတိုရှည်ပူရီတို့ဖြင့်ဖြစ်စေတွဲဖက်တည်ခင်းနိုင်ပါပြီ။
................
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...