8 January 2016

တုံယမ်းကြာဇံကြော် ♡


Tom Yum Fried Vermicelli
တုံယမ်းဆိုရင်များသောအားဖြင့်ဟင်းချိုဘဲလုပ်သောက်ကြတာများပါ တယ်။ခုတော့ကြာဇံကြော်လေးကြော်ထားပါတယ်။
ကြာဇံကြော်အရမ်းကြိုက်ပြီးရိုးရိုးအချိုစားရတာငြီးငွေ့နေသူများအတွက်ပုံစံအသစ်တမျိုးနဲ့အရသာထူးကဲလှတဲ့တုံယမ်းကြာဇံကြော်ချဉ်စပ်လေးကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ဆန်ကြာဇံ - တစ်ပွဲစာ
ကြက်ဥ - တစ်လုံး
တုံယမ်းနှစ် - တစ်ဇွန်း စားပွဲတင်ဇွန်း
(အခဲဆိုရေဖျော်သုံးပါ)
ပုဇွန် - ၅ ကောင်
ကြက်သား -အနည်းငယ်
ပဲပင်ပေါက် - လက်တစ်ဆုပ်
ပဲပြား - တစ်စိတ်
ကျိုချိုက်/ကြက်သွန်မိတ် - သုံးပင်
ငရုပ်သီးစိမ်း - နှစ်တောင့်(အစပ်ကြိုက်လျှင်)
ငံပြာရည်  - ဇွန်းတဝက် စားပွဲတင်ဇွန်း
ခရုဆီ - တစ်ဇွန်း
နံနံပင် - အနည်းငယ်
ဆီ - ၃ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဆန်ကြာဇံကိုနာရီဝက်ခန့်ကြို ပြီးရေစိမ်ထားပါ။ကြက်သားသေးသေးစိတ်ထားပါ။
ပုဇွန်ကိုကျောခွဲသန့်စင်ထားပါ။ကြက်ဥကိုခေါက်ထားပါ။
(၂)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးကိုအပူပေးပြီးဆီအနည်းငယ်ဖြင့်ကြက်ဥကိုအိုးကင်းကပ်ပါးပါးလေးကြော်ပြီးအပြင်ထုတ်ကာအမျှင်လေးများစိတ်ထားပါ။တခါတည်းရောကြော်လိုကကြော်ပါ။
(၂)ဆီတစ်ဇွန်းထည့်ပြီးပဲပြားအတုံးသေးသေးကိုအရောင်ရသည်ထိကြော်ပြီးဖယ်ထုတ်ထားပါ။
ကြက်သားနှင့်ပုဇွန်ကိုလည်းကြော်ပြီးဖယ်ထုတ်ထားပါ။
(၃)ဆီအနည်းငယ်ထပ်ထည့်ပြီးတုံယမ်းအနှစ်ထည့်ပြီးဆီသပ်ပါ။
(၄)ရေစိမ်ထားသောကြာဇံထည့်ပါ။ငံပြာရည်ခရုဆီဟင်းခပ်မှုန့်ထည့်ပြီးသမအောင်မွေပေးပါ။ကြာဇံနူးစေရန်ရေသို့မဟုတ်ကြက်ပြုတ်ရည်အနည်းငယ်ထည့်ပေးပါ။
(၅)ကြာဇံနူးပါကအရသာအပေါ့အငံမြည်းကာကြက်သားပဲပင်ပေါက်ကျိုချိုက်ပဲပြားကြော်တို့ကိုထည့်ပြီးသမအောင်မွေပေးပြီးပန်းကန်တွင်တည်ခင်းကာကြက်ဥနံနံပင်ငရုပ်သီးနှင့်တွဲဖက်၍အရသာရှိလှသောတုံယမ်းကြာဇံကြော်ကိုသုံးဆောင်နိုင်ပါပြီ။

................
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...