10 January 2016

မြေအိုးကြက်ဆီထမင်း


Claypot Chicken Rice
စင်္ကာပူမလေးရှားမှာနာမည်ကြီးလူကြိုက်များတဲ့မြေအိုးကြက်ဆီထမင်းဖြစ်ပါတယ်။သူရဲ့ထူးခြားမှုကထမင်းကိုမြေအိုးနဲ့ချက်ပြီးအရသာနှပ်ထားတဲ့ကြက်သားတို့အားလုံးကိုရောချက်ထားတဲ့သင်းပျံမွေးကြိုင်တဲ့မြေအိုးထမင်းလေးဘဲဖြစ်ပါတယ်။ညစာအဖြစ်အစားများကြတဲ့အတွက်ဆိုင်တွေမှာတော့မြေအိုးပေါင်းများစွာနဲ့အသင့်ချက်ထားပြီးလက်မလည်အောင်ရောင်းကြရပါတယ်။မြေအိုးနဲ့မချက်ဘဲထမင်းပေါင်းအိုးနဲ့လည်းအရသာတူချက်နိုင်သလိုလူကြိုက်များပြီးအရသာထူးခြားချက်ရလွယ်ကူတဲ့မြေအိုးထမင်းချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ဆန် - ၃ခွက် ဆန်ချိန်ခွက်
ကြက်ပြုတ်ရည် - ၄ခွက်ခွဲ ဆန်ချိန်ခွက်
ကြက်သား - ၃၀၀ဂရမ်
ဂျင်း - လ္ဘက်ဇွန်းတဝက်
ပဲငံပြာရည် အကြည် - တစ်ဇွန်း စားပွဲဇွန်း
ပဲငံပြာရည်အမဲ - တစ်ဇွန်း
နှမ်းဆီမွေး -တစ်ဇွန်း
ပြောင်းဖူးမှုန့် /ကော်မှုန့် -တစ်ဇွန်း
ခရုဆီ -တစ်ဇွန်း
ဆား - တစ်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
ဆီ - ၃ဇွန်း
ကြက်သွန်နီကြော် - ဖြူးရန်
ကြက်သွန်မိတ်/နံနံပင်
ငရုတ်သီး -တွဲဖက်စားရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကြက်သားကိုအတုံးသေးသေးတုံးပြီးပန်းကန်တခုတွင်ဆားငရုပ်ကောင်းဂျင်းပဲငံပြာရည်အကြည်အမဲခရုဆီနှမ်းဆီမွေးကော်မှုန့်တို့ကိုထည့်ပြီး၁၅မိနစ်ခန့်နှပ်ထားပါ။
(၂)ဆန်ကိုရေဆေးပြီး၁၅မိနစ်ခန့်ရေစိမ်ထားပါ။
(၃)မြေအိုးသို့မဟုတ်ပေါင်းအိုးတွင်ကြက်ပြုတ်ရည်ထည့်ပါ။ဆန်ကိုရေစစ်ပြီးထည့်ပြီးတည်ပါ။
(၄)မြေအိုးဖြင့်ချက်ပါကဆူပွက်ပါကမီးလျော့ထားပါ။ရေခန်းခါနည်းတွင်နှပ်ထားသောကြက်သားများကိုအပေါ်မှဖြန့်တင်ပါ။ဆီဆမ်းပါ။(မှိုခြောက်ပုဇွန်ခြောက်ကြက်အူချောင်းထည့်လိုပါကဆီသပ်ထားပြီးအပေါ်မှတင်ပေးပါ။
(၅)ပြီးလျှင်အဖုံးလုံအောင်အုပ်ပြီးမီးအေးအေးဖြင့်ထမင်းနှပ်ပြီးကြက်သားကျက်အောင်၁၅မိနစ်ခန့်ထားပါ။အဖုံးမဖွင့်ပါနှင့်။
(၆)ထမင်းနှပ်ပါကကြက်သားအခြားအစာများနှင့်ထမင်းကိုသမအောင်မွေပေးပြီးပူပူနွေးနွေးမွေးကြိုင်နေသည့်မြေအိုးထမင်းကိုကြက်သွန်နီကြော်နံနံပင်ကြက်သွန်မိတ်ငရုပ်သီးတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
.....................
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...