အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
10 January 2016
ဗန်းမော်မျှစ်ချဉ်ခေါက်ဆွဲ>>ငါးခေါက်ဆွဲ
မျှစ်ချဉ်ခေါက်ဆွဲငါးခေါက်ဆွဲကိုဆိုဖီယာလည်းမစားဖူးလို့မေးလာတဲ့ညီမတွေကိုပြန်တင်မပေးနိုင်ခဲ့သလိုနီးစပ်ရာကိုမေးပေမဲ့အတိအကျလည်းမသိရတော့လုပ်မစားဖြစ်ခဲ့ပါဘူး။ပြီးခဲ့တဲ့အပတ်ကအစိမ်းရောင်လွင်ပြင်ကအစ်မတင်ထားတော့မှချက်နည်းလေးသေချာသိခဲ့ရပါတယ်။ကိုယ်တိုင်လည်းအရမ်းသိချင်စားဖူးချင်နေတော့ချက်စားကြည့်ပြီးပို့စ်တင်ဖို့ခွင့်တောင်းခဲ့ပါတယ်ပြန်လည်မျှဝေခွင့်ပေးတဲ့အတွက်ကျေးဇူးပါမချောရေ ☺
ဗန်းမော်ငါးခေါက်ဆွဲအတွက်အဓိကငါးနှင့်မျှစ်ချဉ်လိုအပ်ပါတယ်။တာပိန်မြစ်နဲ့ဧရာဝတီမြစ်ဘေးမှာတည်ရှိတဲ့ဗန်းမော်မြို့လေးကငါးပေါများတဲ့အတွက်ငါးနဲ့ချက်တဲ့ခေါက်ဆွဲလေးဟာအရသာထူးပြီးနာမည်ကြီးလူကြိုက်မျာတဲ့ဒေသစာလို့ဆိုပါတယ်။အလှမ်းဝေးလို့မရောက်နိုင်တဲ့ဒေသစာအရသာသစ်လေးကိုမိတ်ဆွေတွေလည်းမြည်းစမ်းခွင့်ရဖို့ချက်နည်းကိုတဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ရေစိမ်/ဆန်စီးခေါက်ဆွဲ
ပဲရွက်
ငါးဆီချက်
မျှစ်ချဉ်သုပ်
အရောင်တင်ဆီချက်
ကြက်သွန်ဖြူဆီချက်
ငရုပ်သီးအလှော်မှုန့်
နံနံပင်/ကြက်သွန်မိတ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာပထမငါးဆီသပ်ပြုလုပ်ရန်ငါးကြင်းငါးမြင်းနှစ်သက်ရာငါးကိုသုံးနိုင်ပါတယ်။အခုတော့အသင့်ရှိနေတဲ့ငါးခူကိုသုံးထားပါတယ်။
(၂)ငါးခူကိုရေဆေးသန့်စင်ပြီးဂျင်းကြက်သွန်ဖြူထည့်ပြီးပြုတ်ပါ။နူးပါကအရိုးများထွင်ထားပါ။ငါးပြုတ်ရည်ကိုငရုပ်ကောင်းဆားခပ်ပြီးဟင်းချိုပြုလုပ်ထားပါ။
(၃)ကြက်သွန်ဖြူနှင့်ကြက်သွန်နီကိုရောထောင်းသို့ကြိတ်ထားပါ။
(၄)ဒယ်အိုးတွင်ဆီထည့်ပြီးထောင်းထားသည်ကိုဆီသပ်ပါအရောင်တင်နနွင်းမှုန့်ထည့်ပါ။အရိုးထွင်ပြီးသားငါးကိုထည့်ပါ။ဟင်းခပ်မှုန့်ဆားထည့်ပြီးအရသာအပေါ့အငံမြည်းကာပန်းကန်တခုဖြင့်ထည့်ထားပါ။
(၅)မျှစ်ချဉ်ကိုဆားနှင့်နနွင်းထည့်ပြီးရေနှစ်ရေခမ်းလောက်ပြုတ်ထားပြီးဆားဟင်းခပ်မှုန့်နံနံပင်ငရုပ်သီးစိမ်းဖြင့်သုပ်ထားပါ။
(၆)ကြက်သွန်ဖြူဆီချက်အရောင်တင်ဆီချက်ချက်ထားပါ။
(၇)အားလုံးအသင့်ဖြစ်ပါကဆန်စီးသို့မဟုတ်ရေစိမ်ခေါက်ဆွဲကိုရေနွေးဖျောပြီးပန်းကန်တွင်ထည့်ပါပဲရွက်ကိုလည်းဖျောထည့်ပါ။ကြက်သွန်ဖြူဆီချက်အရောင်တင်ဆီချက်ငါးဆီသပ်မျှစ်သုပ်ကြက်သွန်မိတ်နံနံပင်ငရုပ်သီးမှုန့်တို့ကိုထည့်ပြီးအသုပ်ဖြစ်စေအရည်နဲ့ဖြစ်စေနှစ်သက်သလိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
.....................
Sofia
http://sofiafoodparadise.blogspot.com
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
ဆနွင်းမကင်းဆိုရင်မြန်မာအစားစာတခုဖြစ်လို့လူတိုင်းသိပြီးသားပါလုပ်နည်းလည်းတူကြပါတယ်။အချိုးကတော့တယောက်နဲ့တယောက်နည်းနည်းဆီကွဲကြတယ်။ခုလုပ်ထားတဲ့...
No comments:
Post a Comment