8 January 2016

ဆယ်​မိုင်​ဆနွင်းမကင်း


ဆယ်မိုင်လို့လူသိများတဲ့အချိုပွဲလေးကိုအိန္ဒိယပါကစ္စတန်နီပေါဘင်္ဂလားဒေ့ခ်ျသီရိလင်္ကာတွေမှာတာ့မွေးနေ့ပွဲမင်္ဂလာပွဲတွေမှာရိုးရာအချိုပွဲအဖြစ်တည်ခင်းလေ့ရှိတဲ့အချိုပွဲလေးဖြစ်ပါတယ်။မအီမစိမ့်ဘဲအမွေးနံ့လျော့ပြီးဆနွင်းမကင်းပုံစံပြုလုပ်ထားခြင်းဖြစ်ပါတယ်။ဆိုဖီယာလည်းနှစ်သက်လို့မြန်မာပြည်ပြန်ရင်တော့အမြဲဝယ်စားဖြစ်ခဲ့တယ်။အခုဆိုဖီယာပြုလုပ်ထားတဲ့လုပ်နည်းအချိုးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ဆယ်မိုင်ခြောက် - ၄၀၀ဂရမ်
ထောပတ် - ၅၀ဂရမ်
ဆီ - ၁၀၀ဂရမ်
ရေ - တစ်လီတာ
အုန်းနို့ - ၅၀၀ml
နို့်ဆီ - တစ်ဘူး
သကြား - ၁၀၀ဂရမ်
ဖာလာစေ့ - ၃စေ့
ကရဝေးရွက် - ၂ရွက်
သီဟိုဠ်သို့မဟုတ်Almond flake -အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)အိုးထဲတွင်ထောပတ်နှင့်ဆီထည့်ပြီးအပူပေးပါကရဝေးရွက်နှင့်ဖာလာစေ့ထည့်ပါ။ဆယ်မိုင်ခြောက်ကိုချိုးပြီးထည့်ကာအနံမွေးပြီးနီညိုရောင်သမ်းလာသည်ထိကြော်ပေးပါ။
(၂)နီရောင်သမ်းပြီးမွေးလာပါကရေအုန်းနို့သကြားနို့ဆီတို့ကိုထည့်ပြီးဆူပွက်အောင်တည်ပေးပါ။အိုးမကပ်စေရန်အဆက်မပျက်မွေပေးပါ။သီဟိုဠ်စေ့ခြောက်သစ်သီးခြောက်ထည့်ပါ။
(၃)ဆယ်မိုင်ခြောက်အမျှင်အကြီးအသေးပေါ်မူတည်ပြီးရေထပ်လိုက်ရန်လိုအပ်ပါကထပ်ထည့်ပေးပြီးဆယ်မိုင်ပျော့လာပြီးနပ်သည်ထိတည်ပေးပါ။
(၄)ဆယ်မိုင်နှပ်ပါကဆီသုတ်ထားသောဘမ်းတွင်ထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ကာအနည်းငယ်ဖိပေးပါ။ကရဝေးရွက်နှင့်ဖာလာစေ့ကိုဖယ်ထုတ်ထားပါ။
(၅)အပေါ်မီးကင်လိုပါကအပူချိန်၂၂၀ဖြင့်ဆယ်မိနစ်ခန့်ကင်နိုင်ပြီးမကင်ဘဲလည်းအအေးခံပြီးလိုသလိုလှီးဖြတ်တည်ခင်းနိုင်ပါပြီ။
.....................
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...