22 January 2016

မုန်လာဥအခြောက်ချဉ်


Dry Raddish Pickle
ရှမ်းပြည်မှာတော့မုန်လာဥချဉ်မုန်ညင်းချဉ်တို့ကိုအများအားဖြင့်ဆောင်းရာသီမှာပြုလုပ်ပြီးတနှစ်စာပြုလုပ်လေ့ရှိပါတယ်။ဆောင်းရာသီနှင်းခံထားပြီးပြုလုပ်တဲ့အချဉ်မှာတမူထူးခြားတဲ့အနံ့အရသာကိုခံစားရစေပါတယ်။ဒါကြောင့်အသားခြောက်မုန်ညင်းချဉ်မုန်လာချဉ်မုန်လာခြောက်စွမ်ထန်ခြောက်တိုဖူးချဉ်ပဲပုတ်အစရှိသည်တို့ကိုဆောင်းတွင်းမှာသာအဓိကပြုလုပ်လေ့ရှိကြပါတယ်။
မုန်လာဥအခြောက်ချဉ်ပြုလုပ်နည်းတယောက်နဲ့တယောက်အနည်းငယ်ကွဲကြပေမဲ့အခြေခံအားဖြင့်တူညီကြပါတယ်။နှစ်ရှည်ထားပါကပိုမိုခြောက်သွေ့ဖို့လိုအပ်ပြီးဆားအနည်းငယ်ပိုသုံးဖို့လိုအပ်ပါတယ်။ထမင်းဝိုင်းမှာအချဉ်တခွက်အဖြစ်တည်ခင်းနိုင်သလိုခေါက်ဆွဲနဲ့တွဲဖက်စားရန်ဖြစ်စေဟင်းချက်ရန်ဖြစ်စေအသုံးတည့်လှတဲ့မုန်လာဥအခြောက်ချဉ်လုပ်နည်းကိုအိမ်ရှင်မများနှစ်သက်ကြမယ်လို့မျော်လင့်ပါတယ်။ဆိုဖီယာတို့မိရိုးဖလာလုပ်လာတဲ့မုန်လာဥအခြောက်ချဉ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
မုန်လာဥခြောက် - တကီလို
ဂျူးမြစ် - လက်တစ်ဆုပ်
ပဲပိုးတီထည့်လိုကထည့်နိုင်ပါတယ်။
နံနံစေ့မှုန့် - တစ်ဇွန်း စားပွဲဇွန်း
စမုံစပါးမှုန့် - တစ်ဇွန်း
ဟွားကျောက် - အနည်းငယ်သာ
ပါကော - အနည်းငယ် များလျှင်အရောင်မလှအနံ့ပြင်းပါတယ်။
ကြံသကာရည်အပျစ်/ပျားရည် - ၅ဇွန်း စားပွဲဇွန်း
ဆား - ၂ဇွန်း
ငရုပ်သီးအကြမ်းမှုန့်အစိမ်း - ၅ဇွန်း
ငရုပ်ချဉ် - ၅ဇွန်း (တအားမခြောက်စေရန်)
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)မုန်လာဥကိုအခြောက်ချဉ်တည်ရန်မုန်လာဥအခြောက်လှမ်းရန်လေးရက်မှငါးရက်နေလှန်းရပါမယ်။နေလှန်းမည့်မုန်လာဥကိုအနေတော်အရွယ်ဖြစ်ပါကနှစ်လက်မခွဲအရှည်ကိုလေးစိတ်စိတ်ပြီးဇကောဘမ်းဖြင့်နေလှန်းပါ။
(၂)ညနေစောင်းအချိန်တွင်မုန်လာဥများ ကိုဖိနယ်ပေးပြီးညဖက်တွင်နှင်းခံထားပါ။(နှင်းကျချိန်နှင့်အေးသည့်ဒေသတွင်သာ)
(၃)၄ရက်၅ရက်ခန့်အကြာတွင်ညိုးခြောက်နေသောမုန်လာဥများရရှိပါမည်။ပြီးလျှင်ရေဆေးကာရေညစ်ထားပါ။
ဂျူးမြစ်ကိုလည်းသန့်စင်ထားပြီးလေသလပ်ပြီးသွေ့အောင်ဖြန့်ထားပါ။
ပဲပိုးတီထည့်လိုပါကရေဆေးရေစစ်ပြီးခြောက်အောင်ဖြန့်ထားပါ။(နေပူထိလျှင်မည်းသွားတတ်ပါတယ်)
(၄)ကြံသကာကိုညောင်စေးကျအောင်ကျိုထားပါ။
(၅)တရုပ်တရုပ်မဆလာအတွက်ပါဝင်သောလေးမျိုးလုံးကိုလှော်ပြီးထောင်းထားပါ။ကြိတ်ပြီးသားလည်းအသင့်ဝယ်ယူနိုင်ပါတယ်။ငရုပ်သီးအခြောက်အပွတောင့်ကိုကြိတ်ထားပါ။(၆)အားလုံးအဆင်သင့်ဖြစ်ပါကမုန်လာ
ဥဖြူအခြောက်ဂျူးမြစ်နှင့်ပဲပိုးတီတို့ကိုသန့်ရှင်းခြောက်သွေ့သည့်ဇလုံတခုတွင်ထည့်ပြီးဆားတရုပ်မဆလာကြံသကာရည်ငရုပ်သီးမှုန့်ငရုပ်ချဉ်တို့ကိုထည့်ပြီးသမအောင်နယ်ပေးပါ။
(၆)အရသာအပေါ့အငံမြည်းပြီးပုလင်းထည်းတွင်ဖိသိပ်ထည့်ပါလေမခိုစေရ။အဖုံးလုံအောင်ပိတ်ကာရက်၂၀ခန့်ထားပါကမုန်လာဥချဉ်စားရန်အသင့်ဖြစ်ပါပြီ။
❀❀❀
တာရှည်ခံအောင်အလင်းမဖောက်နိုင်သောစဥ့်အိုးများအသုံးပြုလေ့ရှိပါတယ်။ခြောက်သွေ့မှုနည်းပါကအမြန်ချဉ်ပြီးအချဉ်လွန်သွားပါအနံ့အရသာမကောင်းပါ။လချည်ထားရန်အတွက်ဆီကင်းပြီးခြောက်သွေ့ကာရေပါဝင်မှုအနည်းဆုံးဖြစ်ရပါမယ်။ပုလင်းတွင်ထည့်ပါကကျစ်လစ်သိပ်သည်းပြီးလေမခိုအောင်ဖိထည့်ပြီးအပေါ်မှအဖုံးကိုအထပ်ထပ်လေလုံအောင်ချည်ထားပါ။
............
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...