22 January 2016

မုန်ညင်းချဉ်



ရှမ်းပြည်မှာတော့မုန်ညင်းချဉ်ကိုအများအားဖြင့်ဆောင်းရာသီမှာပြုလုပ်ပြီးတနှစ်စာပြုလုပ်လေ့ရှိပါတယ်။ဆောင်းရာသီနှင်းခံထားတဲ့မုန်ညင်းနဲ့ပြုလုပ်တဲ့မုန်ညင်းချဉ်မှာတမူထူးခြားတဲ့အနံ့အရသာကိုခံစားရစေပါတယ်။ဒါကြောင့်အသားခြောက်မုန်ညင်းချဉ်၊စွမ်ထန်ခြောက်တိုဖူးချဉ်ပဲပုတ်အစရှိသည်တို့ကိုဆောင်းတွင်းမှာသာအဓိကပြုလုပ်လေ့ရှိကြပါတယ်။
မုန်ညင်းချဉ်ပြုလုပ်နည်းတယောက်နဲ့တယောက်အနည်းငယ်ကွဲကြပေမဲ့အခြေခံအားဖြင့်တူညီကြပါတယ်။နှစ်ရှည်ထားပါကပိုမိုခြောက်သွေ့ဖို့လိုအပ်ပြီးဆားအနည်းငယ်ပိုသုံးဖို့လိုအပ်ပါတယ်။ထမင်းဝိုင်းမှာအချဉ်တခွက်အဖြစ်တည်ခင်းနိုင်သလိုခေါက်ဆွဲနဲ့တွဲဖက်စားရန်ဖြစ်စေဟင်းချက်ရန်ဖြစ်စေအသုံးတည့်လှတဲ့မုန်ညင်းချဉ်လုပ်နည်းကိုအိမ်ရှင်မများနှစ်သက်ကြမယ်လို့မျော်လင့်ပါတယ်။ဆိုဖီယာတို့မိရိုးဖလာလုပ်လာတဲ့အရက်မထည့်ဘဲမုန်ညင်းချဉ်တည်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
မုန်ညင်းစိမ်း - တကီလို
မုန်လာဥနီ - တစ်တောင့်
မုန်လာဥဖြူ - တစ်တောင့်
ဂျူးမြစ် - လက်တစ်ဆုပ်
မုန်လာပန်းကြက်သွန်ချဉ်ပဲသီးနှင့်ကြွက်နား၇ွက်မှိုပဲပိုးတီတို့ကိုထည့်လိုကထည့်နိုင်ပါတယ်။
နံနံစေ့မှုန့် - တစ်ဇွန်း စားပွဲဇွန်း
စမုံစပါးမှုန့် - တစ်ဇွန်း
ဟွားကျောက် - အနည်းငယ်သာ
ပါကော - အနည်းငယ် များလျှင်အရောင်မလှအနံ့ပြင်းပါတယ်။
ကြံသကာရည်အပျစ် - ၅ဇွန်းစားပွဲဇွန်း
ဆား - ၂ဇွန်း
ငရုပ်သီးအကြမ်းမှုန့်အစိမ်း - ၅ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)မုန်ညင်းစိမ်းကိုအပင်လိုက်ရေဆေးသန့်စင်ပြီးနေလှန်းထားပါတကီလိုမုန်ညင်းနေလှန်းရေညစ်ပြီးပါက၅၀၀ဂရမ်သာကျန်ပါမယ်။မုန်ညင်းချဉ်အထားခံရန်ရေပါဝင်မှုနည်းစေရန်နွမ်းရုံနေပြထားခြင်းသာဖြစ်ပါတယ်။နွမ်းသွားပါကလိုသလိုလှီးဖြတ်ထားပါ။
နေမပြနိုင်ပါကနယ်ပြီးရေစစ်အောင်အလေးဖြင့်ဖိထားပါ။ ဂျူးမြစ်ကိုလည်းသန့်စင်ထားပါ။
(၂)မုန်လာဥနီဖြူတို့ကိုလှီးဖြတ်ပြီးနွမ်းရုံနေပြထားပါ။
(၃)ကြံသကာကိုညောင်စေးကျအောင်ကျိုထားပါ။နှစ်ချီမထားဘဲစားသုံးမည်ဆိုပါကကြံသကာကိုပါးပါးစိတ်ပြီးလည်းထည့်နိုင်ပါတယ်။
(၄)တရုပ်မဆလာအတွက်ပါဝင်သောလေးမျိုးလုံးကိုလှော်ပြီးထောင်းထားပါ။ကြိတ်ပြီးသားလည်းအသင့်ဝယ်ယူနိုင်ပါတယ်။ငရုပ်သီးအခြောက်အပွတောင့်ကိုကြိတ်ထားပါ။
(၅)အားလုံးအဆင်သင့်ဖြစ်ပါကမုန်ညင်းမုန်လာဥဖြူမုန်လာဥနီဂျူးမြစ်တို့ကိုသန့်ရှင်းခြောက်သွေ့သည့်ဇလုံတခုတွင်ထည့်ပြီးဆားတရုပ်မဆလာကြံသကာရည်ငရုပ်သီးမှုန့်တို့ကိုထည့်ပြီးသမအောင်နယ်ပေးပါ။
(၆)အရသာအပေါ့အငံမြည်းပြီးပုလင်းထည်းတွင်ဖိသိပ်ထည့်ပါလေမခိုစေရ။အဖုံးလုံအောင်ပိတ်ကာရက်၂၀ခန့်ထားပါကမုန်ညင်းချဉ်စားရန်အသင့်ဖြစ်ပါပြီ။
❀❀❀
တာရှည်ခံအောင်အလင်းမဖောက်နိုင်သောစဥ့်အိုးများအသုံးပြုလေ့ရှိပါတယ်။
ခြောက်သွေ့မှုနည်းပါကအမြန်ချဉ်ပြီးအချဉ်လွန်သွားပါအနံ့အရသာမကောင်းပါ။လချည်ထားရန်အတွက်ဆီကင်းပြီးခြောက်သွေ့ကာရေပါဝင်မှုအနည်းဆုံးဖြစ်ရပါမယ်။ပုလင်းတွင်ထည့်ပါကကျစ်လစ်သိပ်သည်ပြီးလေမခိုအောင်ဖိထည့်ပြီးအပေါ်မှအဖုံးကိုအထပ်ထပ်လေလုံအောင်ချည်ထားပါ။
............
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...