22 January 2016

ကြက်ဟင်းခါးသီးသနပ်



သီးနှံပေါချိန်မှာအချဉ်တည်ပြီးကြာရှည်ခံသိမ်းဆည်းစားနိုင်မဲ့သနပ်တည်နည်းလေးဖြစ်ပါတယ်။
ဆေးဖက်ဝင်ပြီးထမင်းမြိန်စေမဲ့ဟင်းရံအဖြစ်တခွက်အဖြစ်တည်ခင်းနိုင်မဲ့ကြက်ဟင်းခါးသီးသနပ်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်ဟင်းခါးသီး - ၅၀၀ဂရမ်
ငရုပ်သီးတောင့် - ဆယ်တောင့်
ကြက်သွန်ဖြူ - ဆယ် မြောင်း
ငရုပ်သီးတောင့် - ဆယ်တောင့်
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း (စားပွဲဇွန်း)
ဆီသပ်ရွက် - တခက် ပျဉ်တော်သိမ်း
ဇီယာအစေ့ - နှစ်ဇွန်း
စမုံစပါးစေ့ - တစ်ဇွန်း
မုန်ညင်းစေ့ - နှစ်ဇွန်း
ဇီယာအမှုန့် - နှစ်ဇွန်း
နံနံစေ့အမှုန့် - နှစ်ဇွန်း
(အားလုံးပါပြီးသားဖြစ်တဲ့အသားမဆလာကိုအစားထိုးအသုံးပြုနိုင်ပါတယ်)
ဆီ - နှစ်ခွက်
ဗီနီဂါ - တစ်ခွက် (အနည်းငယ်လျော့ထည့်နိုင်)
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
သကြား - နှစ်ဇွန်း စားပွဲဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
**********
(၁)ကြက်ဟင်းခါးသီးသနပ်ပြုလုပ်ရန်အတွက်ကြက်ဟင်းခါးသီးအခါးသက်သာစေရန်ဦးစွာအချဉ်တည်ဖို့လိုအပ်ပါတယ်။
(၂)ကြက်ဟင်းခါးသီးကိုရေဆေးသန့်စင်ပြီးမထူမပါးအနေတော်လှီးဖြတ်ပြီးသန့်ရှင်းသည့်ပုလင်းတခုတွင်ထည့်ပါ။
(၃)ဆန်ဆေးရည်ဒုတိယရည်ကိုခံထားပြီးကြက်ဟင်းခါးသီးမြုတ်သည်ထိထည့်ပေးပြီးအဖုံးလုံအောင်ပိတ်ကာပူနွေးသည့်နေရာတွင်ထားပါ။
(၄)၄ရက်မှ၅ရက်ခန့်တည်ထားပြီးပါကကြက်ဟင်းခါးသီးချဉ်ပြီမို့ဇကာတခုတွင်ဆယ်ယူရေစစ်ထားပါ။
(၅)အိုးတခုတွင်ဆီကိုမီးအေးအေးဖြင့်အပူပေးပြီးဆီသပ်ရွက်ဇီယာစမုံစပါးမုန်ညင်းစေ့တို့ကိုအရင်ဆီသပ်ပါ(အမှုန့်လည်းအသုံးပြုနိုင်ပါတယ်)။ပြီးလျှင်ဂျင်းကြက်သွန်ဖြူထောင်းထည့်ပါ။ဇီယာအမှုန့်နှင့်နံနံစေ့အမှုန့်တို့ကိုထည့်ပါ။အရောင်လိုချင်ပါကအရောင်တင်မှုန့်အနည်းငယ်ထည့်ပါ(အသားမဆလာသုံးပါကအရောင်တင်မလိုပါ)။(၆)ပြီးလျှင်အဆင်သင့်ဆေးထားသောကြက်ဟင်းခါးသီးတို့ကိုချကြော်ပါ။အားလုံးနှံ့အောင်မွေပြီးပါကဆားသကြားဗီနီဂါတို့ကိုထည့်ပြီးအဖုံးဖွင့်ကာမီးအေးအေးဖြင့်၁၀မိနစ်ခန့်တည်ထားပါ။(ချဉ်ပြီးသားကြက်ဟင်းခါးသီးအတွက်ဗီနီဂါလျော့ထည့်နိုင်ပါတယ်) (၇)အရသာမြည်းပြီးရေခမ်းသွားပါကအအေးခံကာအခြောက်ခံထားသောပုလင်းသန့်သန့်တွင်ဆီဖုံးအောင်ထည့်ပြီးအဖုံးလုံအောင်ပိတ်ပြီးအလင်းရောင်နည်းသောနေရာတွင်ထားပါ။ပြုလုပ်ပြီးနှစ်ပတ်လောက်တွင်စတင်သုံးဆောင်နိုင်ပါပြီ။သန့်ရှင်းသောပုလင်းထားသိုသောနေရာပေါ်မူတည်ပြီးခြောက်လခန့်သိမ်းဆည်သုံးဆောင်နိုင်ပါပြီ။
................
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...