21 January 2016

ပန်းဂေါ်ဖီသနပ်


Cauliflower Pickle
သီးနှံပေါချိန်မှာအချဉ်တည်ပြီးကြာရှည်ခံသိမ်းဆည်းစားနိုင်မဲ့သနပ်တည်နည်းလေးဖြစ်ပါတယ်။ထမင်းမြိန်စေမဲ့ဟင်းရံအဖြစ်တခွက်အဖြစ်တည်ခင်းနိုင်မဲ့မုန်လာပန်းခေါ်ပန်းဂေါ်ဖီသနပ်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ပန်းဂေါ်ဖီ - ၅၀၀ဂရမ် (ရိုးတံမပါလှီးဖြတ်ပြီးသား)
မုန်လာဥ - တစ်ချောင်း
ကြက်သွန်ဖြူ - ဆယ်မြောင်း
ငရုပ်သီးတောင့် - ဆယ်တောင့်
ငရုပ်ချို - ၂လုံး (စိမ်း/နီ)
ကြက်သွန်ဖြူ - ဆယ် မြောင်း
ငရုပ်သီးတောင့် - ဆယ်တောင့်
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း (စားပွဲဇွန်း)
ဇီယာအစေ့ - နှစ်ဇွန်း
စမုံစပါးစေ့ - တစ်ဇွန်း
မုန်ညင်းစေ့ - နှစ်ဇွန်း
ဇီယာအမှုန့် - နှစ်ဇွန်း
နံနံစေ့အမှုန့် - နှစ်ဇွန်း
(အားလုံးပါပြီးသားဖြစ်တဲ့အသားမဆလာကိုအစားထိုးအသုံးပြုနိုင်ပါတယ်)
ဆီ - နှစ်ခွက်
ဗီနီဂါ - တစ်ခွက်
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
သကြား - နှစ်ဇွန်း စားပွဲဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
**********
ဦးစွာပါဝင်သောသီးနှံတို့ကိုလိုသလိုလှီးဖြတ်ပြီးဆေးပြီးရေစစ်ထားပါ။ အိုးတခုတွင်ဆီကိုမီးအေးအေးဖြင့်အပူပေးပြီးဇီယာစမုံစပါးမုန်ညင်းစေ့တို့ကိုအရင်ဆီသပ်ပါ(အမှုန့်လည်းအသုံးပြုနိုင်ပါတယ်)။ပြီးလျှင်ဂျင်းကြက်သွန်ဖြူထောင်းထည့်ပါ။ဇီယာအမှုန့်နှင်နံနံစေ့အမှုန့်တို့ကိုထည့်ပါ။အရောင်လိုချင်ပါကအရောင်တင်မှုန့်အနည်းငယ်ထည့်ပါ(အသားမဆလာသုံးပါကအရောင်တင်မလိုပါ)။ပြီးလျှင်အဆင်သင့်ဆေးထားသောသီးနှံတို့ကိုချကြော်ပါ။အားလုံးနှံ့အောင်မွေပြီးပါကဆားသကြားဗီနီဂါတို့ကိုထည့်ပြီးအဖုံးဖွင့်ကာမီးအေးအေးဖြင့်၂၀မိနစ်ခန့်တည်ထားပါ။ အရသာမြည်းပြီးရေခမ်းသွားပါကအအေးခံကာအခြောက်ခံထားသောပုလင်းသန့်သန့်တွင်ဆီဖုံးအောင်ထည့်ပြီးအဖုံးလုံအောင်ပိတ်ပြီးအလင်းရောင်နည်းသောနေရာတွင်ထားပါ။ပြုလုပ်ပြီးနှစ်ပတ်လောက်တွင်စတင်သုံးဆောင်နိုင်ပါပြီ။သန့်ရှင်းသောပုလင်းထားသိုသောနေရာပေါ်မူတည်ပြီးခြောက်လခန့်သိမ်းဆည်းသုံးဆောင်နိုင်ပါပြီ။
................
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...