30 January 2016

ပြောင်းဖူးထမင်းနဲ့ငုံးကြော်


Corn Rice with Fried Qual

ထောပတ်ထမင်းအုန်းထမင်းပဲထမင်းတို့နဲ့မတူပုံစံကွဲပြောင်းဖူးထမင်းလေးဖြစ်ပါတယ်။မိသားစုအတူချက်စားဖို့ဖြစ်စေမွေးနေ့ပွဲအလှူပွဲမှာဖြစ်စေအပြောင်းအလဲလေးချက်စားနိုင်ဖို့ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ဆန်(Basmati Rice)- နို့ဆီဘူး၂လုံး
ထောပတ်(Ghee) - ၄၀ ဂရမ်
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား - တစ်ဇွန်း
ရေ - ၄ဘူး (Basmati rice အတွက်သာ)
ပြောင်းဖူး -တစ်ပန်းကန်
(သံဘူးတဘူးကိုဖောက်ပြီးရေစစ်ထားပါ။အစိမ်းသုံးလိုပါကကြက်သွန်ဖြင့်ရောပြီးဆီသပ်ထည့်ပါ။)
ကြက်သွန်နီ - ၂လုံး
ကရဝေး -၂ရွက်
သစ်ဂျပိုး - တစ်ချောင်း
ပြင်ဆင်ချက်ပြုတ်ပုံ
*************
(၁)ဦးစွာဆန်ဆေးပြီးအိုးထဲသို့ဆားသကြားထည့်ပြီးလိုအပ်သောရေပမာဏထည့်ပါ(ချက်နေကျဆန်အတွက်ရေကိုပုံမှန်အတိုင်းထည့်ပါ။)ကြက်သွန်နီကိုအမြောင်းစိတ်ကာကရဝေးသစ်ဂျပိုးရောပြီးထောပတ်ဖြင့်ဆီသပ်ပြီးထည့်ပါ။
အထက်အောက်သမအောင်မွေကာခလုတ်နှိပ်ပြီးချက်ပါ။
(၂)တည်ထားပြီးဆယ်မိနစ်ခန့်တွင်တစ်ကြိမ်မွေပေးပါ။
(၃)ထမင်းအိုးပွက်ပြီးလျှင်တစ်ကြိမ်ထပ်မွေပေးကာပြောင်းဖူးထည့်ပြီးထမင်းအိုးနှပ်သည်ထိတည်ထားပါ။
(၄)ထမင်းနှပ်ပါကကြက်ကြော်ငုံးကြော်သခွားသီးသီးစုံသနပ်တို့ဖြင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

1 comment:

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...