11 February 2016

ကိုးရီးယားကင်မ်ချီဟော့ပေါ့

Kimchi Hotpot
❀ ❀ ❀
ကိုးရီးယားဟော့ပေါ့ဆိုင်မှာတပွဲကိုတယောက်စာပုံစံလေးတွေရောင်းတဲ့ကင်မ်ချီဟော့ပေါ့လေးဘဲဖြစ်ပါတယ်။မိမိနှစ်သက်ရာအသားသို့မဟုတ်ဖက်ထုပ်ဖြင့်လည်းပြုလုပ်နိုင်ပါတယ်။ပြုလုပ်ရလွယ်ကူပြီးအစာပြေအဖြစ်လုပ်စားနိုင်သလိုညနေခင်းစာအဖြစ်လည်းတည်ခင်းနိုင်ပါတယ်။
တခါတရံခံတွင်းပျက်လို့ချဉ်ငံစပ်ဟော့ပေါ့လေးလုပ်စားချင်သူများအတွက်လည်းအဆင်ပြေတာမို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်သား/အမဲသားနုနု - အနည်းငယ်
ပဲကြာဇံ - လက်တစ်ဆုပ်
ရှီတာခီမှို - ၂ပွင့်
အီနိုကီမှို(အပ်မှို) - အနည်းငယ်
ငါးခြောက်ကြော် - အနည်းငယ်
ပဲပိစပ်ပဲပင်ပေါက် - အနည်းငယ်
ကင်မ်ချီ  - တစ်ပန်းကန်
ပဲပြား - တစ်စိတ်
ကြက်ပြုတ်ရည် - တစ်ပန်းကန်
ကြက်သွန်မိတ်- အနည်းငယ်
နှမ်း - အနည်းငယ်
ဆား - ဇွန်းတဝက် လ္ဘက်ဇွန်း
ဟင်းခပ်မှုန့် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဦးစွာနှစ်သက်ရာအသားကိုပါးပါးလွှာလွှာလှီးထားပါ။ပင်လယ်စာဖြင့်လည်းပြုလုပ်နိုင်ပါတယ်။
(၂)ပဲကြာဇံကိုရေစိမ်ထားပါ။ပဲပင်ပေါက်သန့်စင်ထားပါ။ရှီတာခီမှိုကိုခပ်ပါးပါးလှီးထားပါ။ကင်မ်ချီသေးသေးစိတ်ထားပါ။
ငါးခြောက်ကိုဆီပူထိုးထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကဟင်းရည်အိုးတည်ရန်ပြင်ဆင်ပါ။ကြက်ပြုတ်ရည်သို့မဟုတ်အသင့်သုံးကြက်ပြုတ်ရည်သုံးနိုင်ပါတယ်။
**အသင့်သုံးကြက်ပြုတ်ရည်အသုံးပြုပါကဟင်းခပ်မှုန့်ဆားတို့ကိုချိန်ဆပြီးထည့်ပါ။
(၄)ဟင်းရည်အိုးထဲသို့ငါးခြောက်ကိုသေးသေးဖဲ့ပြီးထည့်တည်ထားပါ။ဆားဟင်းခပ်မှုန့်ထည့်ပါ။
(၅)ဆူပွက်ပါကပဲကြာဇံပဲပင်ပေါက်ရှီတာခီမှိုတို့ကိုထည့်ပါ။ကင်မ်ချီသေးသေးစိတ်ထားသည်ကိုထည့်ပြီးအရသာအပေါ့အငံမြည်းပါ။
(၆)အရသာအနေတော်ပါကမီးဖိုမှချခါနည်းတွင်အီနိုကီ(အပ်မှို)ပဲပြားနှင့်အသားပါးပါးလွှာထားသည်ကိုထည့်ပြီးကြက်သွန်မိတ်ဖြူးနှမ်းဖြူးကာဟောပေါ့ကြည့်ဖြစ်စေထမင်းဖြူနှင့်တွဲဖက်၍ဖြစ်စေတည်ခင်းသုံးဆောင်နိုင်ပါပြီ။
...........
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...