19 December 2015

ဖာလူဒါ

Falooda

ငယ်စဉ်အခါကလေးဘဝကတည်းကအအေးဆိုင်ထိုင်ရင်အရင်ဦးဆုံးဖာလူဒါလို့မှာစားခဲ့တာလေးအမှတ်ရမိပါတယ်။ဆိုဖီယာအချိုတွေသိပ်မကြိုက်တတ်ပေမဲ့ဖာလူဒါကိုတော့အရမ်းကြိုက်ပါတယ်။အဝေးရောက်နေတော့ဖာလူဒါစားချင်ရင်မြန်မာပြည်ပြန်မှစားဖြစ်ခဲ့တာ။အမှန်တော့ပါဝင်ပစ္စည်းတွေကလည်းဝယ်ယူရလွယ်ကူပြီးသူငယ်ချင်းအပေါင်းအဖော်နဲ့စုဝေးလုပ်စားကြမယ်ဆိုရင်အင်မတန်လွယ်ကူတဲ့အချိုပွဲလေးလည်းဖြစ်လို့ဆိုဖီယာလုပ်ထားတဲ့နည်းလေးမျှဝေပေးလိုက်ပါတယ်။ဆိုဖီယာစားရင်တော့ဂျုံပူတင်းကိုများများထည့်စားရတာပိုနှစ်သက်ပါတယ်☺
ပါဝင်ပစ္စည်း (၅ခွက်စာ)
*********
ကျောက်ကျောအနီ - တစ်ပန်းကန်
ကျောက်ကျောအစိမ်း- တစ်ပန်းကန်
(အလွယ်တကူဂျယ်လီဘူးများကိုလည်းအစားထိုးနိုင်ပါတယ်)
ပင်ပွား - ၃ဇွန်း စားပွဲဇွန်း
သာကူစေ့ - ၁၀၀ ဂရမ်
ဂျုံပူတင်း - ၅တုံး
ရေခဲမုန့် - ငါးလုံး
နွားနို့ - တစ်ဘူး (Full cream Milk တလီတာ)
RoseSyrupနှင်းဆီအနံ့နီရောင်အချိုရည်အပျစ်
❀❀သာကူစေ့ကိုအဆံပျောက်အောင်ပြုတ်ပြီးရေဆေးရေစိမ်ထားပါ။
❀❀ ကျောက်ကျော၁၀ဂရမ်တထုပ်ကိုေ ရာင်နှစ်မျိုးခွဲပြီးကျိုထားပါ။အချိုမပါဘဲလည်းပြုလုပ်နိုင်သလိုဂျယ်လီဘူးသေးလေးများဖြင့်လည်းအစားထိုးနိုင်ပါတယ်။ခဲသွားသောကျောက်ကျောကိုအမျှင်သို့မဟုတ်လေးထောင့်တုံးလေးများတုံးထားပါ။
❀❀ပင်ပွားကိုပန်းကန်လုံးတခုတွင်ထည့်ပြီး၁၅မိနစ်ခန့်ရေစိမ်ထားပါ။
❀❀ ရေခဲသီးသန့်မထည့်လိုပါကပါဝင်ပစ္စည်းအားလုံးကိုအေးနေအောင်ရေခဲစိမ်ခြင်းသို့မဟုတ်အအေးခန်းတွင်ထားခြင်းများပြုလုပ်ထားပါ။
❀❀ ဂျုံပူတင်းပြုလုပ်ရန်
ကြက်ဥ - ၆လုံး
နွားနို့ - ၆၅၀ ml
နို့ဆီ - တစ်ဘူး
ဗနီလာ အနံ့ - လ္ဘက်ဇွန်း တစ်ဇွန်း
ဂျုံ - ၅၀ ဂရမ် (၄ဇွန်း စားပွဲဇွန်း)
ပြုလုပ်နည်း
*******
(၁)ovenကိုအပူချိန်၂၀၀ဒီဂရီအပူပေးထားပါ။မုန့်ဖုတ်မည့်ဘမ်းကိုထောပတ်လူးထားပါ။
(၂)ကြက်ဥ၊နို့ဆီ၊နွားနို့ဗီနီလာဂျုံတို့ကို ကြိတ်စက်တွင်ထည့်ပြီးကျေညက်အောင်ကြိတ်ပါ။
(၃)ကျေညက်ပါကအိုးတခုထည်းသို့ဇကာဖြင့်စစ်ချပြီးထည့်ပါ။
(၄)ပြီးလျှင်မီးဖိုပေါ်တွင်မီးအနေတော်ဖြင့်တည်ပြီးမွေတံဖြင့်အဆက်မပျက်မွေပေးပါ။အခဲများမဖြစ်စေရန်မွေပါ။
(၅)ပူတင်းအနှစ်များစတင်ပျစ်လာပါကထောပတ်လူးထားသောဘမ်းတွင်လောင်းထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ပြီးovenတွင်မိနစ်၃၀ခန့်မျက်နှာပြင်အရောင်ရသည်ထိဖုတ်ပေးပါ။
(၆)အလယ်မုန့်သားကျက်မကျက်အချွန်တခုဖြင့်ထိုးကြည့်ပါ။ကြက်ဥနှစ်များကပ်ပါမလာတော့ပါကပူတင်းသားကျက်ပါပြီ။
(၈)ပူတင်းသားကျက်ပါကရေခဲသေတ္တာတွင်လုံးဝအေးသွားသည်ထိအအေးခံပြီးလိုသလိုလှီးဖြတ်ထားပါ။
ဖာလူဒါပြင်ဆင်ပြုလုပ်ပုံ
*****************
(၁)ဦးစွာခွက်ထဲသို့နှင်းဆီအနံ့အနီရောင်အချိုရည်အပျစ်၃ဇွန်းခန့်ထည့်ပါ။အချိုကဲလိုပါကပိုထည့်ပေးပါ။
(၂)သာကူစေ့ပင်ပွားကျောက်ကျောဂျယ်လီအစိမ်းအနီတို့ကိုထည့်ပါ။ပူတင်းတစ်တုံးထည့်ပါ။
(၃)ပြီးလျှင်နွားနို့ကိုခွက်အပေါ်လက်နှစ်လုံးခန့်အလိုထိထည့်ပါ။
(၄)နောက်ဆုံးတွင်အပေါ်မှရေခဲမုန့်တလုံးထည့်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia

3 comments:

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...