23 December 2015

ပြောင်းဖူးဆနွင်းမကင်း


ပြောင်းဖူးနှစ်သက်သူများအတွက်အကြိုက်တွေ့စေမဲ့ပြောင်းဖူးဆနွင်းမကင်းလေးဖြစ်ပါတယ်။အရသာချိုစိမ့်မွေးလှတဲ့ဒီမုန့်လုပ်နည်းလေးကသူငယ်ချင်းလင်းသော်တာရဲ့လုပ်နည်းလေးကိုအခြေခံပြီးအနည်းငယ်ပြင်၍ပြုလုပ်ထားခြင်းဖြစ်၍သူငယ်ချင်းကိုလည်းကျေးဇူးတင်ကြောင်းပြောပါရစေရှင်။အလှူမင်္ဂလာပွဲများတွင်ထူးခြားတဲ့ပြောင်းဖူးဆနွင်းမကင်းလေးနဲ့တည်ခင်းနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ထိုင်ဝမ်ပြောင်းဖူး - လေးဖူး
သကြား - ၃၀၀ ဂရမ်
ရွှေကြည် - ၃၆၀ ဂရမ်
ဆား - နှစ်ဇွန်း လ္ဘက်ဇွန်း
အုန်းနို့ - ၄၀၀ ml
နွားနို့ - ၅၀၀ ml
ကြက်ဥ - ၄လုံး
ထောပတ် - ၁၅၀ ဂရမ်
ဆီ - ၅၀ဂရမ်
ဘိန်းစေ့ - နှစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ပြောင်းဖူးကိုအစေ့ခြွေပြီးအုန်းနို့နှင့်နွားနို့ထည့်ပြီ့းစက်ဖြင့်ကြိတ်ပါ ။(၂)ပြီးလျှင်ပါဝင်ပစ္စည်းများအားလုံးထောပတ်မှအပထည့်ပြီးမွေပေးပါ။(၃)အိုးတခုကိုအပူပေးပြီးထောပတ်ထည့်ကာပြောင်းဖူးအရောကိုထည့်ကျိုပေးပါ။(၄)တဖြေးဖြေးပျစ်ပြီးလုံးလာပါကဆီသုပ်ထားသောဘမ်းတွင်ထည့်ပြီးမျက်နှာပြင်ညီအောင်ညှိကာအပေါ်မှဘိန်းစေ့ဖြူးပြီးovenတွင်အပေါ်မီး၂၀၀ဒီဂရီအောက်မီးအနည်းငယ်ဖြင့်မိနစ်၃၀ခန့်ဖုတ်ကာအအေးခံပြီးလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။

........
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...