23 December 2015

အမဲသားသနပ်

Beef Pickle
သနပ်လုပ်နည်းများစွာရှိတဲ့ထဲကသရက်သီးသံပုရာသီးကတော့လူသိများပြီးအခြားအသားအစုံကိုလည်းအချိုအစပ်ချဉ်ငံအရသာအမျိုးမျိုးပြုလုပ်လေ့ရှိပါတယ်။အခုလုပ်ထားတာလေးကတော့အမဲသားသနပ်ဖြစ်ပါတယ်။မိမိနှစ်သက်ရာဆိတ်သားငါးခြောက်ငါးပုဇွန်တို့ဖြင့်လည်းအစားထိုးပြုလုပ်နိုင်ပါတယ်။ပြုလုပ်ရလွယ်ကူပြီးအထားခံကာထမင်းမြိန်စေမဲ့အမဲသားသနပ်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
အမဲသား - ၅၀ကျပ်သား
ဆား - ၂ဇွန်း စားပွဲဇွန်း
ဟင်းခပ်မှုန့် -အနည်းငယ်
ဂျင်းကြက်သွန်ဖြူထောင်း -တစ်ဇွန်း
သကြား - ၅ဇွန်း
ရှာလကာရည် - ၂၀၀ ml
ဆီသပ်ရွက် - တစ်ခက် ပျဉ်တော်သိမ်း
အရောင်တင်ငရုပ်သီးမှုန့် - ၃ဇွန်း
ဆီ - ၁၆၀ ဂရမ် (တစ်ဆယ်သား)
အသားမဆလာ (meat curry powder )
40gm သို့မဟုတ် မဆလာ - ၃ဇွန်း
ကြက်သွန်ဖြူ -လက်တစ်ဆုပ်
ငရုပ်သီးစိမ်း - အနည်းငယ်
မုန်ညင်းစေ့-တစ်ဇွန်း (နှစ်သက်က)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)အမဲသားကိုရေဆေးသန့်စင်ပြီးတလက်မခွဲခန့်အရွယ်လှီးထားပါ။
(၂)အသားကိုရေဆေးသန့်စင်ပြီးဆားတဇွန်းဟင်းခပ်မှုန့်ဂျင်းကြက်သွန်ဖြူဖြင့်နယ်ပြီးနူးအိအောင်ပြုတ်ထားပါ။
(၃)နူးအိပါကဆီပူပူတွင်အတွင်းသားခြောက်ပြီအနည်းငယ်ကြွပ်သည်ထိကြော်ကာဆယ်ယူဆီစစ်ထားပါ။
(၄)ကြက်သွန်ဖြူငရုပ်စိမ်းအသင့်ပြုလုပ်ပါ။
(၅)အိုးတခုတွင်ဆီပူအောင်တည်ပြီးဆီသပ်ရွက်အရောင်တင်မုန်ညင်းစေ့မဆလာဆီသပ်ပါ။သကြားဆားရှလကာရည်ထည့်ပြီးပျော်အောင်မွေပေးပါ။ဆူပွက်ပါကမီးပိတ်ပြီးကြက်သွန်ဖြူငရုပ်သီးစိမ်းထည့်ပါ။
(၆)အသင့်ကြော်ထားသောအသားကြော်ထည့်ပြီးသမအောင်မွေပြီးအရသာအပေါ့အငံမြည်းပါ။ချိုချဉ်စပ်အရသာရပါကအအေးခံထားပါ။
(၇)လုံးဝအေးသွားသောအခါပုလင်းသန့်သန့်ကိုရေခြောက်အောင်သုတ်ပြီးထည့်ပါ။မျက်နှာပြင်ကိုဆီဖုံးအောင်ထည့်ပြီးပုလင်းကိုလေလုံအောင်ပိတ်ပြီးနှပ်ထားပါ။
(၈)တစ်ပတ်ခန့်နှပ်ပြီးပါကရေခဲသေတ္တာတွင်ထည့်ပြီးသိမ်းဆည်းကာလိုသလောက်ထုတ်ယူသုံးဆောင်နိုင်ပါပြီ။ပြုလုပ်ပြီးချက်ချင်းလည်းသုံးဆောင်နိုင်ပါတယ်။
.....................
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...