19 December 2015

ကြက်ဥပူတင်း

Pudding with Gelato
ဂျုံပူတင်းကိုသူ့ကြည့်ဘဲအချိုပွဲအဖြစ်တည်ခင်းနိုင်သလိုဖာလူဒါနဲ့တွဲဖက်စားဖို့လည်းပြုလုပ်နိုင်ပါတယ်။အာဟာရလည်းဖြစ်ပြီးကလေးလူကြီးအားလုံးနှစ်သက်ကြမယ်ထင်ပါတယ်။ဆိုဖီယာတော့ရိုးရိုးကြက်ဥပူတင်းထက်ဂျုံပူတင်းကိုပိုနှစ်သက်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ကြက်ဥ - ၆လုံး
နွားနို့ - ၆၅၀ ml
နို့ဆီ - တစ်ဘူး
ဗနီလာ အနံ့ - လ္ဘက်ဇွန်း တစ်ဇွန်း
ဂျုံ - ၅၀ဂရမ် (၄ဇွန်း စားပွဲဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ovenကိုအပူချိန်၂၀၀ဒီဂရီအပူပေးထားပါ။မုန့်ဖုတ်မည့်ဘမ်းကိုထောပတ်လူးထားပါ။
(၂)ကြက်ဥ၊နို့ဆီ၊နွားနို့၊ဗီနီလာဂျုံတို့ကိုကြိ တ်စက်တွင်ထည့်ပြီးကျေညက်အောင်ကြိတ်ပါ။
(၃)ကျေညက်ပါကအိုးတခုထည်းသို့ဇကာဖြင့်စစ်ချပြီးထည့်ပါ။
(၄)ပြီးလျှင်မီးဖိုပေါ်တွင်မီးအနေတော်ဖြင့်တည်ပြီးမွေတံဖြင့်အဆက်မပျက်မွေပေးပါ။အခဲများမဖြစ်စေရန်မွေပါ။
(၅)ပူတင်းအနှစ်များစတင်ပျစ်လာပါကထောပတ်လူးထားသောဘမ်းတွင်လောင်းထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ပြီးovenတွင်မိနစ်၃၀ခန့်မျက်နှာပြင်အရောင်ရသည်ထိဖုတ်ပေးပါ။
(၆)အလယ်မုန့်သားကျက်မကျက်အချွန်တခုဖြင့်ထိုးကြည့်ပါ။ကြက်ဥနှစ်များကပ်ပါမလာတော့ပါကပူတင်းသားကျက်ပါပြီ။
(၈)ပူတင်းသားကျက်ပါကရေခဲသေတ္တာတွင်လုံးဝအေးသွားသည်ထိအအေးခံပြီးလိုသလိုလှီးဖြတ်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
................
Sofia

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...