19 December 2015

ငှက်​​ပျောဆနွင်းမကင်း


မြန်မာ့အစားစာအချိုပွဲတွေထဲကတခုဖြစ်တဲ့ငှက်ပျောသီးဆနွင်းကင်းကိုမွေးနေ့ပွဲအလှူပွဲတွေမှာတည်ခင်းလေ့ရှိတာမို့အတော်များများနှစ်သက်ကြမယ်ထင်ပါတယ်။ဆိုဖီယာတော့မြန်မာပြည်ပြန်တိုင်းသတိတရအမြဲဝယ်စားဖြစ်တဲ့မုန့်လေးလည်းဖြစ်ပါတယ်။တယောက်နဲ့တယောက်လုပ်နည်းကွဲပြားကြတာမို့ဆိုဖီယာရဲ့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ရခိုင်ငှက်ပျောသီး - အလုံး၂၀
ဂျုံမှုန့် - ၁၀၀ဂရမ်
ရွှေကြည်မှုန့် အနု - ၁၀၀ဂရမ်
ကြက်ဥ - ၃လုံး
သကြား - ၁၂၀ဂရမ်
ထောပတ်/ဆီ -၁၀၀ဂရမ်
သစ်သီးခြောက်အရော - ၁၀၀ ဂရမ် (စပျစ်ခြောက်)
အုန်းနို့ခရင်မ် - ၃၀၀ ml
အုန်းသီးမှုန့် - တစ်ပန်းကန် ၃၀ ဂရမ်
ဆား - လ္ဘက်ဇွန်း တဝက်
အရောင်အနီ - ၃စက်
ဘိန်းစေ့ - တစ်ဇွန်း Tbsp
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာပထမဇလုံတခုတွင်ငှက်ပျောသီးမှည့်ကိုအာလူးချေတံဖြင့်ချေပေးပါ။
(၂)အားလုံးကြေပါကကျန်ပါဝင်ပစ္စည်းများအားလုံးကို(ဘိန်းစေ့မှအပ)တခုဆီထည့်ပြီးမွေပေးပါ။ဂျုံလုံးများမဖြစ်စေရန်သေချာမွေပေးပါ။
(၃)ပြီးလျှင်အိုးတခုတွင်ထည့်ပြီးမီးပေါ်တင်ကာဆီပြန်လုံးလာသည်ထိမွေပေးပြီးဆီလူးထားသောမုန့်ဖုတ်ဘမ်းတွင်မုန့်နှစ်ကိုလောင်းထည့်ပါ။
(၄)မျက်နှာပြင်ညီအောင်လုပ်ပြီးအပေါ်မှဘိန်းစေ့ဖြူးကာအပေါ်မီးများများအောက်မီးနည်းနည်းဖြင့်ဖုတ်ပါ။Ovenအပူချိန်အပေါ်၂၂၀ဒီဂရီအောက်၁၂၀ဒီကရီဖြင့်၃၀မိနစ်ခန့်ဖုတ်ပါ။၁၅မိနစ်တခါလှည့်ပေးပါ။
(၅)မုန့်မျက်နှာပြင်အရောင်ရလျှင်မုန့်ဘမ်းအလယ်ကိုတုတ်သေးသေးဖြင့်ထိုးကြည့်၍မုန့်သားကျက်မကျက်စစ်ကြည့်ပြီးမုန့်သားကျက်ပါကထုတ်ယူအအေးခံ၍လိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ ။

1 comment:

  1. ကြက်ဥ မစားသူအတွက် ဘာအစားထိုးရမလဲ?

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...