အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
29 December 2015
ပိန္နဲသီးအုန်းနို့ကောက်ညင်း
သရက်သီးနဲ့ကောက်ညင်းတွဲဖက်ညီသလိုဘဲပိန္နဲသီးအုန်းနို့ကောက်ညင်းကလည်းအတွဲညီလှတဲ့အချိုပွဲလေးဖြစ်ပါတယ်။
အချိုပွဲကိုထူးထူးဆန်းဆန်းလေးတည်ခင်းလိုသူများအတွက်လွယ်ကူပြီးအရသာရှိလှတဲ့ပိန္နဲသီးအုန်းနို့ကောက်ညင်းလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (တစ်ပွဲစာ)
********
ပိန္နဲသီးမှည့် - ၆ မြောင်း
ကောက်ညင်းပေါင်း - တစ်ပန်းကန်
အုန်းနို့ - ၅ဇွန်း
သကြား - ၃ဇွန်း
နှမ်း - အနည်းငယ်
အုန်းသီးဆံ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ပိန္နဲသီးမှည့်ကိုအမြောင်းမပျက်ဓားရာပေးပြီးအစေ့ထုတ်ထားပါ။
(၂)ကောက်ညင်းကိုအနည်းငယ်သာပြုလုပ်လျှင်ကောက်ညင်းပေါင်းဝယ်ပြီးပြုလုပ်နိုင်ပါတယ်။ကောက်ညင်းပေါင်းထဲသို့အုန်းနို့သကြားထည့်ပြီးမီးဖိုပေါ်တွင်အပူပေးပါ။
(၃)အုန်းနို့အနည်းငယ်ခြောက်သွားလျှင်မီးဖိုမှချပြီးအအေးခံထားပါ။
(၄)အသင့်ခွဲထားသောပိန္နဲသီးထဲသို့အအေးခံထားသောကောက်ညင်းထည့်ပါ။
(၅)ပြီးလျှင်အပေါ်မှနှမ်းဖြူးအုန်းသီးဖြုးကာချိုချိုမွေးမွေးပိန္နဲသီးအုန်းနို့ကောက်ညင်းကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
.............
Sofia
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment