17 July 2015

မ၇မ်းသီးထမင်းထောင်း @ သက်သက်လွတ်ငါးချဉ်

ရှမ်းပြည်ကအစားအစာတခုဖြစ်တဲ့သက်လွတ်ငါးချဉ်ကြော်၊မရမ်းသီးထမင်းထောင်းလို့ခေါ်ပါတယ်။မရမ်းသီးအစားသ၇က်သီးလည်းသုံးလို့၇ပါတယ်။ထမင်းနဲ့တွဲစားလို့၇သလိုအစာပြေသားရေစာအဖြစ်လည်းလုပ်စားလေ့ရှိပါတယ်။လုပ်စားကြည့်၇အောင်နော် ။
ပါဝင်ပစ္စည်း
******
ထမင်းဖြူ - တစ်ပန်းကန်
မ၇မ်းသီး သို့ သ၇က်သီးစိမ်း - လက်တစ်ဆုပ်
ကြက်သွန်နီ -နှစ်လုံး
ကြက်သွန်ဖြူ - ၅ မြောင်း
ခရမ်းချဉ်သီး - တစ်လုံး
င၇ုပ်သီးစိမ်း - ၅တောင့်
နံနံပင် - အနည်းငယ်
ဆီ - အနည်းငယ်
အေ၇ာင်တင်မှုန့် - တစ်ဇွန်း
နနွင်းမှုန့် - အနည်းငယ်
ဆား - လိုသလောက်
ဟင်းခပ်မှုန့် - အနည်းငယ်
နနွင်းအေ၇ာင်တင်မထည့်ဘဲအဖြူထည်လည်းကြော်စားနိုင်ပါတယ်။
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာထမင်းနှင့်မ၇မ်းသီး သို့ သရက်သီးကိုထောင်းထားကြိတ်ထားပါ။
(၂)ကြက်သွန်နီပါးပါးစိတ်ထားပါ။ကြက်သွန်ဖြူသေးသေးစိတ်၊ခရမ်းချဉ်သီးသေးသေးစိတ်ထားပါ။င၇ုပ်သီးထက်ခြမ်းခြမ်းထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကအိုးထည်းတွင်ဆီထည့်ပြီးကြက်သွန်ကိုဆီသပ်ပါ။ကြက်သွန်ဖြူထည့်ပါ။နနွင်းအေ၇ာင်တင်ထည့်ပါ။
(၄)ကြက်သွန်နွမ်းပါကခ၇မ်းချဉ်သီးထည့်ပါ။ဆားဟင်းခပ်မှုန့်ထည့်ပါ။ထောင်းထားသောထမင်းကိုထည့်ပြီးသမအောင်မီးအေးအေးဖြင့် ကြော်ပါ။အိုးမကပ်စေ၇န်အဆက်မပျက်မွေပေးပါ။
(၅)အားလုံးသမပြီးဆီပြန်လုံးလာပါကအ၇သာအပေါ့အငံမြည်းပြီးင၇ုပ်သီးစိမ်းနှင့်နံနံပင်ထည့်ကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

1 comment:

  1. ဒီဟင်းတော့တစ်ခါမှမကြားဖူးဘူး။
    စားကြည့်ချင်လိုက်တာ။
    မရမ်းသီးမရှိတော့သရက်သီးနဲ့ လုပ်ကြည့်မယ်လေ။
    မမအိုင်အိုရာ

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...