18 July 2015

ကြက်ကချင်ချက်

Online ကနေသင်ပေးတဲ့ မြစ်ကြီးနားက ညီမ Ja Bawk Ra Yawng ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်

ပါဝင်ပစ္စည်းများ
********
မြန်မာကြက် - တကောင် (တပိဿာလျော့လျော့)
မြန်မာပင်စိမ်း - ဆယ်ပင်
ဖက်ဖယ်ရွက်( city mart မှာရှိပါတယ်) - ဆယ့်ငါးပင်
ရှမ်းနံနံ (ကုလားနံနံ) - ဆယ်ပင်
 ငရုတ်သီးခြောက်(စပ်တဲ့အမျိုးအစား) - လက်တစ်ဆုပ်
မြန်မာကြက်သွန်ဖြူဥ - လက်တစ်ဆုပ်
ဟွားကြောင်းအစေ့( အစေ့မရှိရင် အမှုန့်) - တစ်ဇွန်း
ချဉ်စော်ခါးသီးခြောက် - လက်တစ်ဆုပ်
(အချဉ်အတွက် မရှိရင် မုန်လာဥဖြူမပါတဲ့ရှမ်းမုန်ညင်းချဉ်)
 ခရမ်းချဉ်သီး ကြီးကြီး - တစ်လုံး
ရိုးရိုးနံနံပင် -အနည်းငယ်
ဆနွင်းမှုန့် - တစ်ဇွန်း
ဂျင်း - လက်တစ်ဆစ်
ဆား -၂ဇွန်း စားပွဲတင်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ပြင်ဆင် ချက်ပြုတ်နည်း
*************
(၁)ကြက်သားကိုေ၇ဆးသန့်စင်ပြီး အတုံးသေးသေးတုံးထားကာ ချက်မည့်ဒယ်အိုးတွင်ထည့်ပါ
(၂)ကြက်သွန်ဖြူ၊ဂျင်း၊ငရုတ်သီးခြောက်(ခပ်စပ်စပ်)၊ဟွားကြောင်းစေ့၊ ပင်စိမ်း၊ဖက်ဖယ်၊ရှမ်းနံနံတို့ကိုငရုတ်ဆုံတွင်ထည့်ပြီးထောင်းပါ။( ၎င်းအရွက်များကို မထောင်းလိုလျှင် တောက်တောက်စဉ်း၍ ထည့် နိုင်သည်။
(၃)ထောင်းထားသည့်အဆာပလာများကို ကြက်သားထည့်ထား သောအိုးတွင်ထည့်ပါ။
(၄)  ဆား၊ဆနွင်း၊မှည့်လင်သီးခြောက်(ချဉ်ဆော်ခါးသီးခြောက်၊ မရှိလျှင် ရှမ်းမုန်ညင်းချဉ် အနည်းငယ်)ထည့်ပါ။
(၅) ခရမ်းချဉ်သီးတစ်လုံးကိုချေထည့်ပါ။
(မှတ်ချက်။ဟင်းခတ်အချိုမှုန်နှင့်ဆီကြိုက်ပါကပဲဆီအနည်းငယ်ထည့်နိုင်သည်။ ရိုးရာဟင်းအစစ်တွင်ဆီမပါ ပါ)
(၆)လက်အိတ်စွပ်ကာအထက်ကအိုးထဲတွင်ထည့်ထားသည်များကိုသေချာစွာနယ်ပေးပြီးနောက်မီးဖိုပေါ်တင်၍ကြက်သားမှထွက်လာသောအရည်များခမ်းခြောက် သွားသည်ထိ လုံးချက်ပေးပါ။
(၇)ခြောက်သွားပါကကြက်သားကျက်လောက်ရုံရေထည့်၍ရေခမ်းချက်ပေးပါ။။ရေခမ်း၍ကျက်သွားလျှင်နံနံပင်၊ပင်စိမ်းအုပ်ကာသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...