18 July 2015

ပီကင်းဘဲကင်

Peking Duck

ဘဲကင်ကိုပုံစံအမျိုးမျိုးလုပ်ပြီးကင်ကြပါတယ်။တချို့လည်းပထမပေါင်းပြီးမှဆီပူမှာချကြော်တာတွေလည်းရှိပါတယ်။အလွယ်နည်းပေါ့နော်။ခုလုပ်ထားတာလေးကအစိမ်းကိုနှပ်ပြီးကင်ထားတာလေးပါ။
ဘဲကင်နှပ်ရန်အတွက်ပါဝင်ပစ္စည်း
*******************
ဘဲ - တစ်ကောင် (၂ကီလို)
ဆား - တစ်ဇွန်း စားပွဲတင်ဇွန်း
သကြား - နှစ်ဇွန်း
ကြက်သွန်ဖြူမှုန့် - တစ်ဇွန်း
ဂျင်းမှုန့် - တစ်ဇွန်း သို့ ဂျင်းလက်တစ်ဆစ်
ကြက်သွန်မိတ်အ၇င်း - ငါးပင်
တ၇ုပ်မဆလာ( five spice) -တစ်ဇွန်း
ေ၇ဆူထဲတွင်ပါဝင်ပစ္စည်း
**************
နာနတ်ပွင့် - ၅ပွင့်
ဆား - တစ်ဇွန်း စားပွဲတင်ဇွန်း
ရှာလကာ၇ည် - ၃ဇွန်း (apple vinegar)
ဂျင်း - လက် တစ်ဆစ်
ေ၇ဆူ - ၅လီတာ
ဘဲအပြင်ပိုင်းအပေါ်ယံသုပ်လိမ်း၇န်
*******************
ပျား၇ည် - ၃ဇွန်း
ပဲငံပြာ၇ည်အနောက်-တစ်ဇွန်း
ေ၇ - တစ်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာဘဲကိုေ၇ဆေးသန့်စင်ပြီးအမွေးနုများပြောင်အောင်ပြုလုပ်ထားပါ။ပြီးလျှင်ဘဲ၏လည်ပင်းနားမှလေထိုးသွင်းပြီးအသားနှင့်အေ၇ခွံကွာအောင်ပြုလုပ်ပေးပါ။(ကင်သောအချိန်တွင်အေ၇ခွံများပိုမိုကြွပ်၇ွစေပါတယ်)
(၂)အိုးတခုတွင်ေ၇၅လီတာထည့်ပြီးဂျင်း၇ိုက်ထည့်ပါ။နာနတ်ပွင့်၊ဆား နှင့်ဗီနီဂါထည့်ပြီးဆူပွက်အောင်တည်ပါ။
(၃)ရေဆူပွက်ပါကအသင့်ဆေးပြီးသောဘဲကိုဇလုံကြီးကြီးတခုတွင်ထည့်ပြီးအပေါ်မှဘဲတကောင်လုံးကိုေ၇ဆူဖြင့်လောင်းပေးပါ။အေ၇ာင်ပြောင်းသည်ထိလောင်းပေးပြီးလေသလပ်ကာခြောက်အောင်ချိတ်ထားပါ။(အေ၇ပြားမှချွေးပေါက်များပွင့်ကာအရသာဝင်၇န်ပြုလုပ်ချင်းဖြစ်ပါတယ်။)
(၄)ေ၇စစ်ထားစဉ်တွင်ဝမ်းဗိုက်ထည်းထည့်မည့်ပါဝင်ပစ္စည်းများကိုေ၇ာစပ်ပြီးသမအောင်နယ်ထားပါ။
(၅)ဘဲရေစစ်သွားပါကေ၇ာစပ်ပြီးသားအစာများ ကိုဝမ်းဗိုက်အတွင်းနံ့အောင်သုတ်လိမ်းပြီးဆာတေးပြုလုပ်သည့်တုတ်ချောင်းဖြင့်ဝမ်းဗိုက်ကိုလုံအောင်ချုပ်ပေးပါ။
(၆)ပြီးလျှင်ဘဲအပြင်ဘက်ပိုင်းကိုသုတ်လိမ်းမည့်ပျားရည်အေ၇ာကိုေ၇ာစပ်ပြီးဘဲတကောင်လုံးနေ၇ာလပ်မကျန်သုတ်လိမ်းပေးပြီးချိတ်ဖြင့်ချိတ်ကာအခြောက်ခံထားပါ။
(၇)နှစ်နာ၇ီခန့်တွင်နောက်တကြိမ်ထပ်လူးပေးကာလုံးဝခြောက်သွားမှသာလျှင် ဘမ်းတွင်ထည့်ပြီးအလူမီနီယံဖြင့်အုပ်ကာ oven 200 'C ဖြင့်မိနစ်သုံးဆယ်ကင်ပေးပါ။
(၈)မိနစ်၃၀ ပြည့်ပါကအလူမီနီယံစက္ကူဖယ်ပြီးအပူချိန်170'C လျော့ချကာဘဲကင်အေ၇ာင်၇အောင်တနာ၇ီခန့်ကင်ပေးပါ။ကင်နေစဉ်တွင်လက်ကျန်ပျား၇ည်အေ၇ာနှင့်ဘဲမှထွက်လာသောဆီများကိုမကြာမကြာသုတ်လိမ်းပေးပါ။အေ၇ာင်ညီမျှမှုရှိစေ၇န်ဘဲကိုလှည့်ပေးပါ။
(၉)ဘဲကင်နူးမနူးကိုအချွန်တခုဖြင့်၇င်ဘုံ၏ထူသောအပိုင်းကိုထိုးကြည့်ပါ။လွယ်ကူစွာထိုးနိုင်ပါကဘဲကင်နူးပြီဖြစ်၍ထုတ်ယူအအေးခံကာနှစ်သက်၇ာဆော့စ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...