17 July 2015

ကြက်သားခရမ်းသီးလိပ်

Egg Plant Roll

ခ၇မ်းသီးဟင်းကိုပုံစံတမျိုးပြောင်းပြီးလုပ်စားရအာင်နော်။ခ၇မ်းသီးအိုးကပ်အစာသွပ်လုပ်စား၇တာရိုးနေသူတွေအတွက်အဆင်ပြေစေမဲ့ဟင်းတခွက်ဖြစ်ပါတယ်။အ၇သာလည်းရှိ၊အသစ်အဆန်းလေးလည်းဖြစ်၊လှလှပပနဲ့တည်ခင်းနိုင်မဲ့ဟင်းတခွက်ကိုအိမ်ရှင်မများအတွက်မျှဝေပေးလိုက်ပါတယ်။

ခရမ်းသီးလိပ်အတွက်လိုအပ်သောပစ္စည်း
**********************
ကြက်သား - ၃၀၀ ဂရမ်
ခရမ်းသီးကြီးကြီး - တစ်လုံး
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - စားပွဲတင်ဇွန်း တစ်ဇွန်း
ကော်မှုန့် - စားပွဲတင်ဇွန်း တစ်ဇွန်း
င၇ုပ်ကောင်းဖြူ - လ္ဘက်ဇွန်း တစ်ဝက်
ကြက်ဥနှစ် - တစ်လုံး
(၁)ခ၇မ်းသီးကိုအရှည်လိုက်ပါးပါးလှီးပြီးဆီနှင့်ဆားအနည်းငယ်ဖြူးကာအိုးကင်းကပ်အပူပေးပါ။ပျော့၇ုံအေ၇ာင်၇၇ုံလေးသာကင်ပါ။ကျက်သွားပါကလိပ်၍မ၇ပါ။
(၂)ကြက်သားကိုနုတ်နုတ်စင်းပြီးပါဝင်ပစ္စည်းများဖြင့်နယ်ထားပါ။
(၃)အပူပေးပြီးပျော့အောင်လုပ်ထားသောခ၇မ်းသီးကိုအရှည်လိုက်ဖြန့်ပြီးကြက်သားတဇွန်းကိုအစွန်းဘက်နားတွင်တင်ပြီးသေချာလိပ်ပေးပါ။
(၄)အားလုံးလိပ်ပြီးပါကပန်းကန်တခုတွင်အဆင်သင့်ထည့်ပြီးဟင်းအနှစ်ချက်၇န်ပြင်ဆင်ပါ့မယ်။
ဟင်းချက်ရန်အတွက်လိုအပ်သောပစ္စည်းများ
************************
ခရမ်းသီးကြက်သားလိပ် - ၁၅လိပ်
ကြက်သွန်နီ - တစ်လုံး
ခ၇မ်းချဉ်သီး - ၃လုံး
ကြက်သွန်ဖြူ - ၂မြောင်း
အေ၇ာင်တင် - အနည်းငယ်
ဆား -လိုသလောက်
ဟင်းခပ်မှုန့် - စားပွဲတင်တစ်ဇွန်း
ဆီ - အနည်းငယ်
ကြက်သွန်မိတ် -အနည်းငယ်
ပြင်ဆင်ချက်ပြုတ်နည်း
*************
(၁)ကြက်သွန်နီ၊ခ၇မ်းချဉ်သီးတို့ကိုသေးသေးစိတ်ထားပါ။ကြက်သွန်ဖြူသေးသေးစိတ်ထားပါ။
(၂)အဆင်သင့်ဖြစ်ပါကအိုးထည်းတွင်ဆီထည့်ပြီးကြက်သွန်နီဖြူဆီသပ်ကာအေ၇ာင်တင်အနည်းငယ်ထည့်ပြီးခ၇မ်းချဉ်သီးထည့်ချက်ပါ။
(၃)ဆား၊ဟင်းခပ်မှုန့်ထည့်ပြီးဆီပြန်လာသည်ထိချက်ပေးပါ။
(၄)ခရမ်းချဉ်သီးအနှစ်ကျပါကအ၇သာအပေါ့အငံမြည်းကာအသင့်ပြုလုပ်ထားသောခရမ်းသီးလိပ်များကိုအိုးထည်းတွင်စီထည့်ပါ။
(၅)ပြီးလျှင်ခ၇မ်းသီးလိပ်မြုပ်၇ုံလောက်ေ၇ထည့်ပြီးအဖုံးအုပ်ကာကြက်သားကျက်အောင်၅မိနစ်ခန့်တည်ပေးပါ။အောက်ခြေဘက်မကပ်စေ၇န်အိုးကိုအနည်းငယ်လှုပ်ပေးပါ။
(၆)ဟင်းအနှစ်ကျပြီးကြက်သားကျက်ပါကပန်းကန်တွင်တည်ခင်းပြီးကြက်သွန်မိတ်အနည်းငယ်ဖြင့်အလှဆင်ကာသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...