ကလေးအကြိုက်လေးဖြစ်အောင်လုပ်ထားတဲ့OpenSandwichလေးပါ။
လိုအပ်သောပစ္စည်း
**********
ပေါင်မုန့် - လေးချပ်
Tuna - နှစ်ဇွန်း (တခြားနှစ်သက်ရာအစားထိုးနိုင်)
cheese - နှစ်ဇွန်း
မရောနစ် - တစ်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
အပေါ်မှ ပုံဖော်ရန် ကြက်ဥ၁လုံး၊ဆလပ်ရွက်၊သံလွင်သီးအမဲ၊ခရမ်းချဉ်သီး တလုံး
ပြင်ဆင်ပြုလုပ်နည်း
**********
ပေါင်မုန့်ကို အဝိုင်းဖြတ်ထားပါ။ ပန်းကန်တခုတွင် Tuna ၊မရောနစ်၊ချိစ်၊ငရုပ်ကောင်းတို့နယ်ပြီးပေါင်မုန့်ပေါ်တင်ပါ အပေါ်မှ ချိစ်အနည်းငယ်ဖြူးကာ ovenတွင်ခဏကင်ပါ။ မကင်လည်းရပါတယ်။ ပြီးလျှင်ပန်းကန်တွင် ပုံထည်းကအတိုင်းပြင်ဆင်ပြီးပါကသားသားမီးမီးအတွက် ချစ်စဖွယ်မနက်ခင်းစာOpen sandwich လေးရပါပြီနော်။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment