အုန်းပေါင်းငှက်ပျောသီးကြော် <3
မန္တလေးဘက်မှာအုန်းပေါင်းနဲ့ငှက်ပျောကြော်ကို ညနေ အစာပြေ သားရေစာအဖြစ်တွဲစားတတ်ကြတယ်။ ငှက်ပျောကြော်တော့သိပြီးသားမို့မပြောတော့ဘူးနော်။ အုန်းပေါင်းလုပ်နည်းပြောပြပါ့မယ် ။
ပါဝင်ပစ္စည်း
******
ကောက်ညင်းဆန် - ၃ခွက်
ရေနှင့်အုန်းနို့ - ၂ခွက်
ဆား - လ္ဘက်ဇွန်းတဝက်
သကြား- ၁ဇွန်း စားပွဲတင်ဇွန်း
ဆီ - ၃ဇွန်း စားပွဲတင်ဇွန်း
အုန်းပေါင်းလို့ခေါ်ပေမဲ့ပေါင်းတာမဟုတ်ဘဲချက်ထားတာပါ။ချက်နည်းကဆီထမင်းချက်နည်းနဲ့တူပါတယ်။ကောက်ညင်းကိုရေတညစိမ်ထားပါ။ဒယ်အိုးတခုတွင်ဆီထည့်ပြီးရေစိမ်ထားသောကောက်ညင်းကိုရေစစ်ပြီးထည့်ပါ။ဆားနဲ့သကြားထည့်ပါ။ရေနဲ့အုန်းနို့အရောကိုထည့်ကာမီးအေးအေးဖြင့်တည်ပါ။ပွက်လာပါကတချက်နှစ်ချက်မွေပြီးအဖုံးပြန်အုပ်ကာမီးသေးသေးလေးဖြင့်ကျက်သည်ထိနှပ်ထားပါ။နှပ်ပြီဆိုပါကအုန်းသီးဖြူးကာငှက်ပျောကြော်နှင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။ထမင်းပေါင်းအိုးဖြင့်လည်းပါဝင်ပစ္စည်းအားလုံးထည့်ပြီးချက်နိုင်ပါတယ် ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...

No comments:
Post a Comment