7 June 2015

Strawberry Layer Cake


Egg 2 no.
Cake flour 100gm
Sugar 2tbsp
Melted butter 2tbsp
Milk 250ml
vanilla extract  few drop
ဦးစွာပထမ ဂျုံကို ဇလုံတခုတွင်ဇကာချ ထားပါ ။ သကြားထည့်ပါ။ ကြက်ဥထည့်ပါပြီးလျှင်မွေတံဖြင့်မွေပေးပါနှံ့လျှင် နွားနို့တဝက်ကိုရောထည့်ပါ ။ butter ထည့်ပြီးနှံ့အောင်မွေပါ။ ပြီးလျှင် ဇကာဖြင့်စစ်ထုတ်ပါ ။ ကျန်လက်ကျန်နွားနို့တဝက်နှင့် vanilla ထည့်ပြီးနှ့အောင်မွေပြီး ပလပ်စတစ်ဖြင့်အုပ်ကာအခန်းအပူချိန်တွင်နာရီဝက်ခန့်နှပ်ထားပါ။ ပြီးလျှင် အိုးမကပ်သောဒယ်ကို Medium heat ဖြင့်အပူပေးပါ ဆီအနည်းငယ်သုတ်ပြီး ဖျော်စပ်ထားသောမုန့်နှစ်ရည် တဇွန်းထည့်ပြီးအိုးကိုလှည့်ပေးပါ တဘက်ကို ၁၀စက္ကန့်ဖြင့်ထားပြီး အရောင်ရလျှင် ဖယ်ထုတ်အအေးခံထားပါ ကျန်လက်ကျန်မုန့်နှစ်ရည် များအားလုံးလုပ်ပြီးလျှင် Filling အတွက်လုပ်ပါ့မယ်။
Strawberry Jam 2tbsp
Cream 200ml
Sugar 1tbsp
ဦးစွာcream နှင့်သကြားကို ရောပါ အောက်ခံရေခဲဇလုံခံပြီးမာလာအောင်မွေပေးပါ
ပြီးလျှင်strwberry jam ကိုရောမွေပေးပါ Strawberry creamရပါပြီ
အအေးခံထားသောမုန့်ချပ်များအေးပြီဆိုပါက Cream ကို ထူထူသုတ်ပေးပါ အလွှာအားလုံးသုတ်ပြီးပါက ပလပ်စတစ်ဖြင့်အုပ်ကာ ရေခဲသေတ္တာတွင်အအေးခံထားပါ အပေါ်မှ မိမိနှစ်သက်ရာ ဒီဇိုင်းပြုလုပ်နိုင်ပါတယ်။ရေခဲသေတ္တာတွင်တရက်ခန့်ထားပြီးလုံးဝအေးပြီးမာသွားလျှင်အရသာရှိလှသော Layer cake ကိုလိုသလို လှီးဖြတ်သုံးဆောင် နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...