7 June 2015

Chocolate Walnut Brownies


(1)ထောပတ် -၃၀၀ ဂရမ် (Butter)
(2) သကြား - ၄၀၀ ဂရမ်
      ဆား -  ၁ ဂရမ်
(3) ကြက်ဥ - လေးလုံး
(4) ဂျုံ - ၄၀၀ ဂရမ်
      Baking powder - ၃ ဂရမ်
      ကိုကိုးပေါင်ဒါ - ၃၀ ဂရမ်
      (၃မျိုးပေါင်းဇကာချထားပါ)
(5) သစ်ကြားသီး -၁၅၀ ဂရမ်  လုံးခြမ်းကွဲခြေထားပါ
(6) ချောကလတ် အနှစ် - ၃၀၀ ဂရမ်
ပြုလုပ်နည်းအဆင့်ဆင့်
************
အမှတ်စဉ်(1)မှButter ကို အပူပေးပြီး (70'C လောက် မဆူပွက်ရ )မီးဖိုမှချပြီးအမှတ်စဉ်(2)ကိုထည့်ပြီးမွေပါ။ နာနတ်သီးအနှစ်ကဲ့သို့ပျစ်လာပါက (3)မှ ကြက်ဥကို တလုံးစီထည့်ပြီးအဆက်မပျက်မွေပေးပါ။ ချောမွေ့လာပါက အမှတ်စဉ်(4)မှ ဇကာချထားသောပစ္စည်း များကိုထည့်မွေပေးပါ။ နောက်ဆုံးတွင်အမှတ်စဉ်(5)ကိုထည့်ကာသာသာလေးနှံ့ရုံမွေပြီးအသင့်လုပ်ထားသောဆီသုတ်စက္ကူခင်းထားသောဘမ်း တွင်လောင်း ထည့်ပြီး 180ံ C မိနစ် 40- 45 Mins ခန့်Ovenတွင်ဖုတ်ပါ။ နာရီဝက်တွင်တချက်ကြည့်ပါ ။ မုန့်သားကျက်မကျက့် တုတ်ချောင်းသေးသေးဖြင့်ထိုး၍စစ်ကြည့်ပြီး မုန့်သားကျက်ပါက အပြင်ထုတ်အအေးခံကာ အပေါ်မှ ချောကလတ်သုတ်ပြီး အလှဆင်ကာသုံးဆောင် နိုင်ပါပြီ ။

1 comment:

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...