ပြောင်းဖူးနှစ်သက်သူများအတွက်အကြိုက်တွေ့စေမဲ့ပြောင်းဖူးဆနွင်းမကင်းလေးပါသူငယ်ချင်းလင်းသော်တာရဲ့လုပ်နည်းကိုအခြေခံပြီးအနည်းငယ်ပြင်၍လုပ်ထားခြင်းဖြစ်ပါတယ်။လုပ်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
********
ထိုင်ဝမ်ပြောင်းဖူး - နှစ်ဖူး
သကြား - ၁၅၀ ဂရမ်
ရွှေကြည် - ၁၈၀ ဂရမ်
ဆား - တစ်ဇွန်း လ္ဘက်စားဇွန်း
အုန်းနို့ - ၂၀၀ ml
နွားနို့ - ၂၅၀ ml
ကြက်ဥ - နှစ်လုံး
ထောပတ် - ၇၅ ဂရမ်
ဘိန်းစေ့ - နှစ်ဇွန်း
ပြုလုပ်နည်း
********
ပြောင်းဖူးကို အစေ့ခြွေပြီးစက်ဖြင့်ကြိတ်ပါ ။ပြီးလျှင်ပါဝင်ပစ္စည်းများအားလုံးထောပတ်မှအပထည့်ပြီးမွေပေးပါ။အိုးတခုကိုအပူပေးပြီးထောပတ်ထည့်ကာပြောင်းဖူးအရောကိုထည့်ကျိုပေးပါတဖြေးဖြေးပျစ်ပြီးလုံးလာပါကဆီသုပ်ထားသောဘမ်းတွင်ထည့်ပြီးမျက်နှာပြင်ညီအောင်ညိကာအပေါ်မှဘိန်းစေ့ဖြူးပြီးovenတွင်၂၀၀ဒီဂရီဖြင့်မိနစ်၃၀ခန့်ဖုတ်ကာအအေးခံပြီးလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment