Sweet Potato Ball
ကစွန်းဥကိုအမြဲစားနေကျမဟုတ်တဲ့ပုံစံတမျိုးနဲ့လုပ်စားကြည့်ရအောင်နော်။လုပ်ရလွယ်ပြီးအရသာထူးတဲ့အချိုတည်းစရာတမျိုးပါ။လုပ်စားကြည့် ရအောင်နော်။
လိုအပ်သောပစ္စည်း
**********
ကစွန်းဥ အကြီး - သုံးဥ
သစ်ကြားကြီး - 100gm
ဂျုံမှုန့် - 2Tbsp
သကြား - 1/4 cup
ဆား - 1/2 tsp
ထောပတ် - 2Tbsp
Nutmeg powder -1/8tsp
Cinamon powder -1/4tsp
ပြင်ဆင်ပြုလုပ်ပုံ
********
ဦးစွာ ကစွန်းဥကို နူးအောင်ပြုတ်ပြီးအခွံနွာထားပါ ။ ပါဝင်ပစ္စည်းအားလုံးထည့်ပြီးကြိတ်စက်ဖြင့်ကြိတ်ပါ။ ကြိတ်ပြီးသားကို လိုသလောက်အလုံးလေးများလုံးထားပါ။ အားလုံးလုံးပြီးပါကပန်းကန်တခုတွင်ဂျုံမှုန့်အနည်းငယ်ထည့်ပြီး လုံးပြီးသားကစွန်းဥများကိုဂျုံမှုန့်လူးပြီးဆီပူတွင် ၂မိနစ်ခန့်ချကြော်ပြီးအရောင်ရလာပါကဆယ်ယူဆီစစ်ပြီးအအေးခံကာချို ချိုမွေးမွေးကစွန်းဥကြော်ကိုသုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment