ပါဝင်ပစ္စည်း
******
ကြက်ဥ - ၆လုံး
ကြက်သွန်နီ - တစ်လုံး
ငရုပ်ချို အစိမ်း - တစ်ခြမ်း
ငရုပ်ချို အနီ - တစ်ခြမ်း
နံနံပင် - အနည်းငယ်
ဟင်းနုနယ်ရွက် - လက်တဆုပ်
ကြက်သွန်ဖြူ - ၂ မြောင်း
ဆား - လ္ဘက်ဇွန်း တဝက်
ငရုပ်ကောင်း - အနည်းငယ်
ထောပတ် - တစ်ဇွန်း စားပွဲတင်
နို့စိမ်း - ၅ဇွန်း
ချိစ် - ၅၀ ဂရမ်
Cheese Crumble - ၅၀ ဂရမ်
ပြုလုပ်နည်း
******
(၁)ကြက်ဥခြောက်လုံးကိုနို့စိမ်းဆားနှင့်ငရုပ်ကောင်းထည့်ပြီးကြေအောင်ခေါက်ထားပါ။
(၂)ကြက်သွန်နီ၊ ဖြူ၊ ငရုပ်ချို အနီ ၊အစိမ်း ၊ နံနံပင်၊ဟင်းနုနယ်ရွက်တို့ကိုသေးသေးစိတ်ထားပါ။
(၃)ဒယ်အိုးတခုကိုအပူပေးထောပတ်ဖြင့်ပြီးလှီးဖြတ်ထားသည်များအားလုံးကိုကြော်ပေးပါ။
(၄)ကြော်ပြီးသားအားလုံးကိုမွေထားသောကြက်ဥထည်သို့ထည့်ပြီးသမအောင်မွေပေးပါ။
(၄)ဘမ်းတခုကိုစက္ကူခင်းပြီးကြက်ဥအရောအားလုံးကိုထည့်ပြီးoven ၂၀၀ဒီဂရီဖြင့်၁၅ မိနစ်ခန့်ဖုတ်ပေးပါ။
(၅)၁၅မိနစ်ပြည့်လျှင်ထုတ်ယူပြီးအပေါ်မှ ချိစ်ဖြူးပြီး၅မိနစ်ထားပါ။
(၆)ချိစ်ပျော်လျှင်အပေါ်မှ Cheese Crumble ကိုဖြူးပြီး၅မိနစ်ခန့်ထားပါ။
(၇)ရွှေဝါရောင်ရလာပါကထုတ်ယူပြီးအအေးခံကာတည်ခင်းသုံးဆောင်နိုင်ပါပြီ ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment