Fish Lumpia
လိုအပ်သောပစ္စည်း**********
ငါးအသား - ၃၀၀ ဂရမ်
လီမွန် - တစ်လုံး
ငရုပ်ကောင်း - အနည်းငယ်
parsley -အနည်းငယ် (နံနံပင် အစားထိုးနိုင်သည်)
ကြက်သွန်နီ - တလုံး
ငရုပ်ပွ - တခြမ်း
မုန်လာဥနီ - သေးသေးစိတ် ၂ဇွန်း စားပွဲတင်
ကြက်သွန်ဖြူ - နှစ်မြောင်း
ပင်စိမ်းရွက် - နှစ်ခက်
ရှီတာခီ - ၂ပွင့်
ကြက်ဥ - တစ်လုံး
ဆား - လိုသလောက်
ဟင်းခပ်မှုန့် - တစ်ဇွန်း စားပွဲတင်
ဆီ - ၁ဇွန်း ; ကြော်ရန်ဆီ
ကော်ပြန်ဖတ် - တစ်ထုပ်
ပြုလုပ်နည်း
*******
(၁)ဦးစွာအရိုးမပါသောငါးအသားကိုပန်းကန်တခုတွင်ထည့်ပြီးလီမွန်အခွံခြစ်ထည့်ပါ။ငရုပ်ကောင်းနှင့် parsley ထည့်ပြီးနယ်ပေးပါ။
(၂)ပြီးလျှင်ငါးအသားကိုကျက်အောင်ပေါင်းပေးပါ။ရေနည်းနည်းဖြင့်ပြုတ်၍လည်းရသည်။အအေးခံထားပါ။
(၃)ကြက်သွန်နီ၊ဖြူ၊ငရုပ်ချို၊ပင်စိမ်းရွက်၊မုန်လာဥနီ၊မှို တို့ကိုသေးသေးစိတ်ပြီးဆီသပ်ကြော်ပါ။
(၄)အအေးခံထားသောငါးနှင့်ဆီသပ်ထားသည်တို့ကိုရောပြီးကြေအောင်ချေပေးပါ။
(၅)အရသာဆား၊ငရုပ်ကောင်း၊ဟင်းခတ်မှုန့်တို့ဖြည့်စွက်ပါ။
(၆)အရသာအပေါ့အငန်မြည်းကာကြက်ဥအစိမ်းတလုံးကိုဖောက်ထည့်ပြီးသမအောင်မွေပေးပါ။
(၇)ကော်ပြန်ဖတ်ခင်းပြီးနှစ်သက်ရာပုံစံ၊အရွယ်အစားထုပ်ပြီးဆီ ပူပူ တွင်ရွှေဝါရောင်ရသည်ထိကြော်ပြီးမိမိနှစ်သက်ရာဆော့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment