6 June 2015

Home Made ကြက်ဥခေါက်ဆွဲ

စက်မပါဘဲလက်နဲ့လုပ်ထားတဲ့ Hand Made Egg Noodle လေးဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*******
ဂျုံမုန့်  ၅၀၀ဂရမ်
ကြက်ဥ ၅လုံးပါ
ပြင်ဆင်ပြုလုပ်နည်း
***********
ပါဝင်ပစ္စည်းတို့ကိုဇလုံတခုတွင်ထည့်ပြီးရောနှယ်ပါ။နှယ်ပြီးသားဂျုံလုံးကို ၃၀မိနစ်လောက်နှပ်ထားပါ။ တော်တော်ကြာကြာနှယ်ရပါတယ်။နှယ်ထားသောဂျုံ နှပ်ပြီဆိုပါကလေးပိုင်းခွဲပြီးတလုံးဆီကိုပြန့်နေအောင်လိမ့်တုံးဖြင့်လိမ့်ပါ။အပြားအနေထားအတော်ဖြစ်ပါကဂျုံမှုန့်များများဖြူးပြီးအစွန်းနှစ်ဘက်ကနေအလယ်ကိုလိပ်လာပါ။(ပုံပါအတိုင်း)။
လိပ်ထားသောဂျုံလိပ်ကိုဖိကိုင်ပြီးကိုဓားထက်ထက်ဖြင့်ကိုယ်စိတ်ကြိုက်အပြားလေးများလှီးပေးပါ ။
ပြီးလျှင် အလိပ်နှစ်လိပ် အလယ်မှကိုင်၍ခါချလိုက်ရင်ခေါက်ဆွဲအစည်းလိုက်လေးရပါပြီရှင်။ရလာသောခေါက်ဆွဲကို ဘမ်းတခုတွင်ဂျုံများများဖြူးပြီးမကပ်အောင်ထားပါ။အားလုံးဖြတ်ပြီးပါကရေဆူတွင်၃မိနစ်ခန့်ပြုတ်ပါ။ပြီးလျှငိဆယ်ယူရေစစ်ပြီးမကပ်စေရန်ဆီအနည်းငယ်သုတ်လိမ်းထားပါ။ရလာသောခေါက်ဆွဲကိုမိမိနှစ်သက်သလိုကြော်စားပြုတ်စားသုပ်စားလို့ရပါပြီရှင်။
ရိုးရိုးခေါက်ဆွဲအချိုးကတော့ ကြက်ဥအစားရေ ကို သုံးပါတယ်နော်။
All purpose flour 3cup
Water 3/4 cup .

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...