တိုဖူးကျိုနည်းကတယောက်နဲ့တယောက်မတူပါဘူးပဲကိုရေစိမ်ပြီးကြိတ်ပြီးစစ်ပြီးရေများများနဲ့ရေစိမ်အနယ်ထိုင်ပြီးလုပ်တာရှိတယ်
ပဲမှုန့်ကို ရေဖျော်ပြီးတန်းကျိုတာရှိတယ်ပဲမှုန့်ကိုဘဲရေဖျော် စစ်ပြီးရေများများနဲ့အနယ်ထိုင်ပြီး လုပ်တာရှိပါတယ်
လုပ်နည်းမတူတဲ့အပေါ်မှာ ကျိုထွက်လာတဲ့ တိုဖူးအသားမတူပါဘူး ရေစိမ်အနယ်ထိုင်လုပ်တဲ့တိုဖူးက ဂျယ်လီလို ကြည်ပြီးတုန်တုန်လေးနေပါတယ်
ရှမ်းသုပ်သုပ်စားဖို့ ပို ကောင်းပါတယ်
အညာသုပ်လို သုပ်မယ် ကြော်စားမယ် ဆိုရင် အမှုန့်ရေဖျော်ပြီးတန်းကျိုတာအဆင်ပြေပါတယ်
အခု လုပ်ထားတာ က ရှမ်းသုပ်ပုံစံမို့ ကြော်စားရင် မကောင်းပါဘူး
ပဲမှုန့်တထုပ်၂၀၀ ဂရမ် ကို ရေ ထည့်ပြီးဖျော် အဝတ်ပါးဖြင့် စစ်ပြီး ရေ လေးလီတာလောက်ထည့်ပြီ အေးတဲ့နေ ရာမှာ အနည် ထိုင်ထားပါ မနက်ကျိုမယ်ဆို ညကတည်း က စိမ်ထားပါ
အနယ် ထိုင်သွားပါက အပေါ်ယံမှ အ ရည် ကြည် များကို သွန်ထုတ်ပြီးအောက်ဆုံးမှ ပဲအနှစ်များကို သာ ချန် ထားပါ
တိုဖူးကျိုပါ့မယ်
ရေ 800ml ကို ထန်းလျက် ၂ လုံး ဆား နနွင်းထည့်ပြီးမီးဖိုတွင်တည်ပါ ဆူ ပွက်လာပါက ပဲနှစ်ရည်ကို တဖက်မှ ထည့်ပြီး တဖက်က အ ဆက်မပျက်မွေပေးပါ မီးကို အနေ တော်ဖြင့် မွေပေးပါ တဖြေးဖြေးပျစ်လာသည် ထိမွေပါ ပျစ်လာပြီး ကြွက်မြီးတန်းအနေထားရပါက ပဲစိမ်းနှံ့ပျောက်မပျောက်မြည်းကြည့်ကာအအေးခံမည့် ဘမ်းထည်းသို့သွန်ချပြီးအအေးခံကာ လို သလို လှီးပြီးသုပ်စားနိုင်ပါပြီ
ရှမ်းပြည်က သုပ်စားတဲ့ ပုံစံလေးပါ
တိုဖူးကို ကိုယ်ကြိုက်သလို လှီးထားပါ
ကြက်သွန်ဖြူ ဆီချက်
နှမ်းဆီချက်
မြေပဲထောင်း
ငရုပ်ဆီချက်
ကြက်သွန်ဖြူ ထောင်း အရည် ဖျော်
ကြာညို့ အချို
ပဲငံပြာ ရည်
နံနံပင် တို့ကို့ထည့်ပြီးသုံးဆောင် နိုင်ပါပြီ
အချဉ်နှစ်သက်ပါက မုန်ညင်းချဉ်ရည် အနည်းငယ် ထည့်ပါ ။
တိုဖူးတဝက်မုန့်တီဖတ်တဝက်ထည့်ပြီးရောသုပ်စားပါက လည်း စားလို့အလွန် ကောင်း ပါတယ်
ဧည့်သည်အတွက် ပွဲကြီးကြီးပြင်လိုပါက ပါဝင်ပစ္စည်းအားလုံးကို နံနံပင်မှအပ ပန်းကန်တလုံးတွင်ဖျော်ပြီး လှီးထားသော တို ဖူးပေါ်တွင် ဆမ်းပြီး နံနံပင် ဖြူးကာလှပစွာပြင် ဆင် တည် ခင်းပေးနိုင်ပါတယ် ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...


No comments:
Post a Comment