6 June 2015

ပန်းသေးခေါက်ဆွဲ



ခေါက်ဆွဲအတွက်ပါဝင်ပစ္စည်း***
ဂျုံခေါက်ဆွဲ ၂ကီလို
ပဲငံပြာရည် အနောက် ၃ဇွန်း Tbsp
ဆီ ၅၀ ဂရမ်

ဟင်းရည်အတွက်ပါဝင်ပစ္စည်း***
ကြက်သွန်နီ ၁ကီလိုခွဲ
ကြက်သွန်ကြော် ၂၀၀ ဂရမ်
ဂျင်း ကြက်သွန်ဖြူ ၂ဇွန်း
ကရဝေးရွက် ၅ရွက်
သစ်ဂျပိုးခေါက် ၂ချောင်း
ရှောက်ကော ၂လုံး
နာနတ်ပွင့် ၁ပွင့်
ဖာလာ ၃စေ့
လေးညှင်း ၃ပွင့်
အရောင်တင်မှုန့် ၂ဇွန်း
ဇီယာ ၂ဇွန်း (မဆလာထဲ့လည်းရသည်)
ငရုပ်ကောင်းမှုန့် ၁ဇွန်း (tsp)
အုန်းနို့ ၄၀၀ ဂရမ်
ဆား ၃ဇွန်း
သကြား ၄ဇွန်း
အချိုမှုန့် ၂ဇွန်း
ရေ လို သလောက် (၆လီတာ)

ကြက်သားဟင်း***
ကြက်တစ်ကောင် ၁ကီလိုခွဲ
ကြက်သွန်ကြော် ၁၀၀ ဂရမ်
ဆား ၁ဇွန်း
သကြား အချိုမှုန့် ၂ဇွန်း
အရောင်တင် ၁ဇွန်း
ဂျင်းကြက်သွန်ဖြူ ၁ဇွန်း
ဇီယာ၁ဇွန်း
ရေအနည်းငယ်

ဟင်းရည် စချက်ပါ့မယ် ***
ကြက်သွန်ပါးပါးစိတ်ကို ဖာလာ ၊ လေးညှင်း ၊ ကရဝေးရွက် ၊ သစ်ဂျပိုးခေါက် ၊ ရှောက်ကော၊နာနတ်ပွင့် တို့ကို အိုးတခုတွင် ဆီထည့်ပြီးကြော်ပါ ကြက်သွန်နွမ်းလာလျှင် ဂျင်းကြက်သွန်ဖြူ အရောင်တင်ထည့်ပြီးအဆက်မပျက် မွေပေးပါ ကြက်သွန်များနွမ်းပြီးလုံးလာလျင်ကြက်သွန်ကြော်နှင့် ဇီယာတဝက်ကိုအရင် ထည့်ပါ ဆားသကြားအချိုမှုန့်ထည့်ပါ ပြီးလျှင် ရေထည့်ပြီးကြက်သွန်ဖတ်များအိလာသည်ထိတည်ထားပါ အိလာပါက ဆန်ကာတခုဖြင့် ကြက်သွန်ဖတ်များကိုချေပါ ပြီးလျှင်မီးအေးအေးဖြင့် ဟင်းရည် ကျ အောင် တည်ထားစဉ် ကြက်သားဟင်းချက်ပါ့မယ် ။
ကြက်သားအတွက်ပါဝင်ပစ္စည်းများအားလုံးကို ထည့်ပြီး တည်ပါ ကြက်သားနူးပါက ကြက်သားဟင်းအနှစ် ကြက်သားအားလုံးကို ဟင်းရည် အိုးထည်းလောင်းထည့်ပါ ( ကြေမှာစိုးပါက ကြက်သားတုံးကို သီးသန့်ဖယ်ထားပါ )အနှစ်များကို သာထည့်ပါ ဟင်းရည်တွင်ကြက်သားဟင်းအရသာ ရှိရန် ဖြစ်ပါတယ် ဟင်းရည်ကျပါက  ငရုပ်ကောင်း၊ လက်ကျန် ဇီယာတဝက်နှင့်အုန်းနို့ ကို ထည့်ပြီးတည်ပါ ပွက်လာပါက အရသာပေါ့ငံမြည်းကာ မီးပိတ်ထားပါ ။
ခေါက်ဆွဲကြော်ပါ့မယ် ***
ခေါက်ဆွဲကို ပဲငံပြာရည်အနောက်ဖြင့် နှယ်ပြီး ဒယ်အိုးတခုတွင်ဆီထည့်ပြီးကြော်ပါ အကြာကြီးမကြော် ရ ပူ လျှင်ထုတ်ပြီးအိုးတခုတွင် ဖုံးအုပ်ထားပါ
ခေါက်ဆွဲကြော်ပြီးပါက ဟင်းရည်ကြက်သားတို့ကို ခေါက်ဆွဲပေါ်တွင် ဆမ်းကာ ဂေါ်ဖီ ကြက်သွန် ရှောက်သီးငရုပ်သီးမှုန့်တို့ဖြင့်ထည့်ကာ သုံးဆောင် နိုင်ပါပြီ ။
အပြုတ်စားလိုပါက ခေါက်ဆွဲကိုအရောင်မထည့်ဘဲဟင်းရည် ပူပူလောင်းထည့်ကာဂေါ်ဖီ ရှောက်သီးတို့ဖြင့် သုံးဆောင် နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...