6 June 2015

ယိုးဒယားခေါက်ဆွဲကြော်




Thai Stir-Fried Rice Noodle
(Pad See-Ew)

Home made Rice Noodle နဲ့ ကြော်ထားတာ ပါ
ဆန်ပြားခေါက်ဆွဲ လုပ် နည်းလေး အရင် ပြော ပြ ပါ့မယ်
Rice flour 2cup
Tapioca flour 1 cup
Water 3 cup
ပါဝင် ပစ္စည်းတို့ ကို ရော စပ်ထားပါ
ပေါင်းအိုးတွင် ရေ ဆူ တည် ထားပါ ဘမ်းအ သေးတခု ကို ဆီပါးပါး သုတ်ပြီး မုန့် နှစ် ရည် တဇွန်းခပ်ထည့်ပြီး မျက် နှာ ပြင် ညီ အောင် ညိပြီး ပေါင်းအိုးတွင် ၃ မိနစ်ခန့်ပေါင်းပါ မုန့် နှစ် ကျက်လျှင် အပြင်သို့ ထုတ်ပြီး အပေါ်ပိုင်းကို ဆီသုတ် ပေးပြီး ခွာထုတ်ပါ အထက်ပါ အတိုင်း ဆက် လုပ် သွားပြီး ကျက် ပြီးသားဆန်ပြားချပ်များကို ဆီသုတ်ပြီး ထပ် ထားပါ အားလုံး ပေါင်းပြီးပါက  မိမိ လို ချင် သော အပြားကို အထပ် လိုက် လှီးပြီး တလွှာ ဆီ ခွာထုတ် ပေးပါ ထွက် လာ သော ဆန် ပြားခေါက်ဆွဲကို ကြော်စား သုတ်စား နှစ်သက်သလို လုပ် စားလို့ ရ ပါ ပြီ

ပုံ ထည်းက တော့ ယိုးဒယားခေါက်ဆွဲကြော် စားတာပါ
ပါဝင်ပစ္စည်း တပွဲစာ
Oil 1Tbsp
Chicken 40gm
Egg  1 no.
Kailan (ကိုက်လန်)
Rice Noodle တပန်းကန်
Fish sauce 1Tbsp
Oyster sauce 1Tbsp
Sugar 1tsp
Dark soy sauce 1/2 tsp
Black pepper pinch

ခေါက်ဆွဲ ကြော်ပါမယ်
ဦးစွာပထမအိုးတွင် ဆီထည့် ပြီး ကြက်သားကို ကြော်ပါ ကြက်သားကျက်ပါ က ကြက်ဥ ထည့် ပါ ကိုက် လန်ထည့်မွေပါ ပြီးလျှင် ခေါက်ဆွဲ ဖတ်ချ ပြီး ပါ ဝင်သော ပစ္စည်းအားလုံးထည့် ပြီး နှံ့အောင် မွေပြီးအပါ့ ငံမြည်း၍ အိုးမှ ချကာ သုံး ဆောင် နိုင်ပါပြီ ။ တွဲ ဖက် စားဖို့ ငရုပ် သီး အချဉ် စိမ် ထားတာ လို အပ်ပါတယ် နော်  ။။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...