6 June 2015

Fruity Waffle

Home made waffle ကလုပ်ဖို့စက်ရှိဖို့လိုအပ်လို့မတင်တော့ ဘူးစဉ်းစားထားတာပါ။လုပ်နည်းမေးတဲ့သူရှိလို့လုပ်ပြီးတင်ပေးလိုက်ပါတယ်ရှင်။လုပ်ရလွယ်ကူပြီးပြုလုပ်ရန်စက်ဘဲလိုအပ်မှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
********
ဂျုံမှုန့် - ၂ ခွက် ( 250ml cup)
ကြက်ဥ - ၃လုံး
နွားနို့ - ၂ခွက်
ဆား - ၁ဇွန်း လ္ဘက်ဇွန်း
သကြား - ၂ဇွန်း စားပွဲတင်ဇွန်း
Baking Powder - ၂ဇွန်း လ္ဘက်ဇွန်း
ဗီနီလာ အနံ့ - ၁ဇွန်း လ္ဘက်ဇွန်း
ဆီသို့ butter - ခွက်တဝက်
ပြုလုပ်နည်း
******
(၁)ပါဝင်ပစ္စည်းများထဲမှဂျုံ ၊ သကြား၊ဆား၊ baking powder တို့ကိုခွက်ကြီးတခုတွင်ထည့်ပြီးအရင်မွေပေးပါ။
(၂) ကြက်ဥ၊နွားနို့၊ကိုရောပြီးခေါက်ပါ ။
(၃) ပြီးလျှင်ဂျုံမှုန့်အရောထည်းသို့ထည့်ပြီးကျေညက်အောင်မွေပေးပါ။
(၄) ဗီနီလာနှင့် ဆီသို့ထောပတ်ကိုထည့်ပြီးသမအောင်မွေပေးပြီးပါက
waffle လုပ်ဖို့မုန့်နှစ်ရေအဆင်သင့်ဖြစ်ပါပြီ။
(၅)စက်ကိုအပူပေးထားပါ။
(၆)ပူလာပါကစက်ကိုဘရက်ရှ်ဖြင့်ဆီသုတ်ပေးပါ။
(၇)မုန့်နှစ်ရည်တဇွန်းညီအောင်ခပ်ထည့်ပြီး၃မိနစ်မှ၎မိနစ်ဖုတ်ပါ။စက်အမျိုးစားပေါ်မူတည်ပြီးအချိန်ကွာနိုင်ပါတယ်
(၈)မုန့်သားကျက်ပါကထုတ်ယူပြီးမိမိနှစ်သက်ရာ ချောကလတ်ဆော့ ၊ marple syrup ၊ Peanut butter ၊ Strawerry Jam ၊fresh fruit ၊ ရေခဲမုန့်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...