22 June 2015

Fried Mozzerella Cheese Stick

ပါဝင်ပစ္စည်း
******
Mozzerella Cheese - ၂၀၀ ဂရမ်
ကြက်ဥ - တစ်လုံး
ဂျုံမှုန့် - ၅၀ဂရမ်
ပေါင်မုန့်ခြောက် - တစ်ပန်းကန်
Dry Rosemary  - တစ်ဇွန်း
ပြုလုပ်နည်း
******
(၁) Cheese ကို အချောင်းလေးလှီးဖြတ်ထားပါ။
(၂)ပန်းကန်တွင်ဂျုံမှုန့်ထည့်ပြီးcheese များကိုဂျုံမှုန့်လူးပေးပါ။
(၃)ကြက်ဥတလုံးကိုခေါက်ပြီးဂျုံမှုန့်လူးထားသောချိစ်ချောင်းလေးများကိုကြက်ဥတွင်နှစ်ပါ။
(၄)ပေါင်မုန့်ခြောက်ကို Rosemary နှင့်ရောထားပါ။
(၅)ကြက်ဥနှစ်ပြီးသားချိစ်ချောင်းများကိုပေါင်မုန့်ခြောက်ဖြင့်နေရာနှံ့အောင်ကပ်ပေးပြီးပန်းကန်တွင်စီထည့်ကာ ရေခဲသေတ္တာအခဲထပ်တွင် တစ်နာရီခန့်ထားပါ။ပေါင်မုန့်ခြောက်ထူထူကပ်လိုပါကကြက်ဥတွင်ထပ်နစ်ပြီးပေါင်မုန်ခြောက်ထပ်ကပ်ပေးပါ။
(၆)ဆီအိုးအသင့်တည်ထားပြီး ဆီပူပါကရေခဲသေတ္တာမှ ထုတ် ယူပြီး ဆီပူပူတွင်တစ်မိနစ်ခွဲခ့်ချကြော်ပြီးအရောင်ရပါကဆယ်ယူကာနှစ်သက်ရာဆော့ဖြင့်ပူပူနွေးနွေးသုံးဆောင် နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...