22 June 2015

ပြောင်းဖူးဟင်းချို

Creamy Corn Chowder

ပါဝင်ပစ္စည်း
******
ပြောင်ဖူး - နှစ်ဖူး
ဂျုံ မှုန့် - ၁၀၀  ဂရမ်
ရေ - ၂ လီတာ
ဆား - တစ်ဇွန်း စားပွဲတင်
ငရုပ်ကောင်းအဖြူ - တစ်ဇွန်း
ကြက်သွန်နီ - တစ်လုံး
ထောပတ် - ၅၀ ဂရမ် ( Unsalted Butter )
္နနွားနို့ - ၂၅၀ ml
Cream - ၂၅၀ ml
ပြုလုပ်နည်း
******
(၁) ပြောင်းဖူးကိုအစေ့ချွေပြီးပြုတ်ထားပါ ။ Ready make ဘူးဆိုနှစ်ဘူးသုံးပါ။တစ်ဝက်ကိုလုံးခြမ်းကွဲလောက်ကြိတ်ထားပါ။
(၂)ကြက်သွန်ပါးပါးစိတ်ထားပါ။
(၃) ချက်မည့်အိုးကိုအပူပေးပြီးထောပတ် ကြက်သွန်ထည့်ပြီးမွှေးလာသည်ထိဆီသပ်ပေးပါ။
(၄)မွှေးလာပါကဂျုံမှုန်ထည့်ပြီးအဆက်မပျက်မွေပေးပါ။
(၅) ဂျုံမှုန့်ကျက်ပါကရေထည့်ပါ။အရသာထည့်ပါ။ဂျုံအလုံးလေးများကြေပြီးချောမွေ့လာသည်ထိမွေတံဖြင့်မွေပေးပါ။
(၆) ချောမွေ့လာပါကပြောင်းဖူးထည့်ပါ။နို့နှင့်ခရင်မ်ထည့်ပါ။
(၇)အရသာအပေါ့အငံမြည်းပြီးဆူပွက်ပါကမီးပိတ်ပြီးပန်းကန်တွင်တည်ခင်းကာအပေါ်မှ Cream တစ်ဇွန်းဆမ်းပေးပြီးအလှဆင်ကာသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...