အီကြာကွေးလုပ်နည်းကတယောက်နဲ့တယောက်မတူတဲ့လုပ်နည်းတွေရှိနိုင်ပါတယ်။ဒီနည်းလေးကတော့မိရိုးဖလာလုပ်လာတဲ့နည်းမို့နှစ်သက်တယ်အဆင်ပြေတယ်ဆိုရင် လိုက်လုပ်ကြည့်ပါနော်။
ပါဝင်ပစ္စည်း (၁၅ချောင်းစာ)
******
ဂျုံ - ၅၀၀ ဂရမ်
ရေ - ၃၅၀ ml
ဆား - လ္ဘက်ဇွန်း တစ်ဇွန်း
သကြား - စားပွဲတင်ဇွန်း ၂ ဇွန်း
ဆီ - နှစ်ဇွန်း
Yeast - လ္ဘက်ဇွန်းတဝက်
ဆော်ဒါ - လ္ဘက်ဇွန်းတဝက်
ကြက်ဥ - တစ်လုံး
ပြုလုပ်နည်း
******
အီကြာကွေးပြုလုပ်ရာမှာအရေးကြီးဆုံးအချက်ကဂျုံနှယ်တဲ့အချိန်ဖြစ်ပါတယ်။ဇလုံတခုတွင်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးသမအောင်မွေပေးပါ။ ဂျုံသားများဟာအလွန်ပျော့နေရပါ့မယ်။ပြီးလျှင်ဂျုံသား အားလုံးကိုစားပွဲပေါ်တင်ကာလက်ဖြင့်ဖိချေပြီးရေခြောက်လာသည်ထိ၁၅မိနစ်ခန့်နှယ်ပေးပါ။ရေခြောက်ပြီးလက်တွင်မကပ်စားပွဲတွင်မကပ်တော့သောအနေထားရပါကဂျုံဖြူးပြီးလေးထောင့်အနေခေါက်ကာအဝတ်သို့မဟုတ်ပလပ်စတစ်ဖြင့်အုပ်ပြီးမိနစ် ၃၀ မှ ၄၅ မိနစ်ထိအပွခံထားပါ။လိုအပ်သောအပွအနေထားရပါကစားပွဲတွင်ဂျုံမှုန့်ဖြူးကာခေါက်ထားသောလေးထောင့်အနေထားအတိုင်းအောက်ဘက်မှလက်လျိုပြီးလိုအပ်သောအထူအနေထားထိ ဆွဲဖြန့်ပေးပါ။ အပေါ်ယံမျက်နှာပြင်မခြောက်အောင်အဝတ်ပါးအုပ်ထားပါ။ကြော်ရန်ဆီအိုးအဆင်သင့်တည်ထားပါ။ဆီပူပါကဖြန့်ထားသောဂျုံကိုတစ်လက္မအကျယ်ခန့်ဖြတ်ပေးပါ။ဖြတ်ပြီးသားဂျုံကိုအလယ်မှထပ်ပိုင်းပိုင်းကာတစ်ပိုင်းကိုရေစွတ်ပေးပြီးကျန်တပိုင်းကိုအပေါ်မှထပ်တင်ပေးပါ။အရှည်ပြုလုပ်လိုပါကနှစ်ချောင်းထပ်ပါ။ပြီးလျှင်ခေါက်ဆွဲစားသောတူဖြင့်ထပ်ထားသောဂျုံသားကိုအပေါ်မှဖိပေးပါ။ပြီးလျှင်လက်ဖြင့်ကိုင်ပြီးမိမိလိုချင်သောအရှည်အနေထားထိသာသာဆွဲပြီးဆီပူထည့်ချကြော်ပါ။ဆီပူထည်းချကြော်စဉ်တူတစုံဖြင့်မုန့်ကိုပွလာစေရန်လှုပ်ခပ်ထိုးဆွပေးရပါမယ်။ရွှေဝါရောင်ရသည်ထိကြော်ပြီဆယ်ယူဆီစစ်ကာပူပူနွေနွေးသုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
ဆနွင်းမကင်းဆိုရင်မြန်မာအစားစာတခုဖြစ်လို့လူတိုင်းသိပြီးသားပါလုပ်နည်းလည်းတူကြပါတယ်။အချိုးကတော့တယောက်နဲ့တယောက်နည်းနည်းဆီကွဲကြတယ်။ခုလုပ်ထားတဲ့...
Nice:)thanks alot!
ReplyDelete