7 June 2015

Fresh Fruit Pavlova



Pavlova အကြောင်းလေးနည်းနည်းပြောပြမယ်ဒီမုန့်နာမည်က pavlova လို့ခေါ်တယ် Russian dancer တယောက်နာမည် ကို အစွဲပြု ခေါ်ခဲ့တာပါ 1920 လောက်က စလို့ သြစတြေးလျ ၊ နယူးဇီလန်ကနေ Pavlova အတွက်ပြင်ဆင်ပေးရာကနေ အစပြု ခဲ့တယ်လို့ဆိုပါတယ်။
ပါဝင်ပစ္စည်း အနည်းငယ်သာပါဝင်ပြီး လုပ်ရတာလွယ်တယ် စားရတာ တခြား dessert တွေနဲ့မတူဘဲ တမူထူးခြားတယ်လို့ဆိုရမှာပါ။လုပ်စားကြည့်အောင်နော်။
ပါဝင်ပစ္စည်း
******
ကြက်ဥအကာ - ၄လုံး
သကြား - ၁ ခွက်
ပြုလုပ်နည်း
******
(၁)ကြက်ဥအကာကို အမြုတ်ထအောင်ရိုက်ပြီး သကြားကို ဖြေးဖြေးချင်း လောင်းထည့်ကာ မာလာသည်ထိဆယ်မိနစ်ခန့်ရိုက်ပါ။
(၂)cream of tartar သို့ lemon သုံးလို့လည်း ရပါတယ်။ (၃)မာလာတဲ ကြက်ဥအမြုတ်ကို ဘမ်းတွင် ဆီစိမ်စက္ကူခင်းပြီး ပုံမှာ ပြထားတဲ့အတိုင်း အဝိုင်းလေးဖြစ်အောင် ထည့်ပါ ။
(၄)oven ကို ၁၅၀ ဒီကရီ ပေးထားပြီး ထည့်ဖုတ်ပါ။
(၅)မိနစ်သုံးဆယ် လောက်အကြာတွင် ၁၂၀ဒီကရီ လျော့ချကာ ၁၅ မိနစ် ထပ်ဖုတ်ပါ အရောင် ရလာပါက Oven မီး ပိတ် ပြီးအဖုံးလပ်ကာ အထည်းတွင်အအေးခံထားပါ။လုံးဝအေးသွားလျှင် အပြင် သားမှာ ကြွပ်ရွနေ သောအနေရပါမယ်။
(၆) အပေါ်မှ သစ်သီး ချောကလတ် အစ ရှိသည်ဖြင့် အလှဆင်ကာ လှီးဖြတ် သုံးဆောင် နိုင်ပါပြီ ။ chocolate pavlova ၊ Fruit Pavlova လို့ခေါ်ပါတယ် သီးနှံတင်ဖို့ cream ကို မာအောင် ရိုက်ပြီး မှ သီးနှံတို့ကို အစီရီတင်ပါ ။ အတွင်းသားမှာ နူးညံ့နေသော ပူတင်းသားအတိုင်းဖြစ်၍ အပြင်သားမှာ ကြွပ်ရွနေပါမယ် ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...