7 June 2015

သာကူကျို နွားနို့ထမင်း


မွေးရပ်မြေနဲ့ငယ်ဘဝအလွမ်းပြေသာကူကျိုနွားနို့ထမင်းကိုအညာဒေသမှာတော့နေ့လည်ခင်းအစာပြေအဖြစ်သုံးဆောင်ကြပါတယ်။လုပ်ရလွယ်ကူပြီးအာဟာရပြည့်ဝတဲ့သားရေစာတခုလည်းဖြစ်ပါတယ်။လုပ်နည်းလေးကြည့်ရအောင်နော်။
သာကူကျိုအတွက်ပါဝင်ပစ္စည်း
****************
သာကူ - ၂၅၀ ဂရမ် တစ်ထုပ်
ထန်းလျက် - ၄၀၀ ဂရမ် (၂၅ကျပ်သား )
ရေ - ၂လီတာ
ဆား - လ္ဘက်စားဇွန်းတဇွန်း
ပြုလုပ်နည်း
******
ထန်းလျက်ကို ရေဖြင့်ကျိုပြီး အမှိုက်များစစ်ထုတ်ပါ။ သာကူစေ့ကိုရေ၅မိနစ်ခန့်စိမ်ထားပါ။ဆူပွက်အောင်တည်ထားသောထန်းလျက်ရည်အတွင်းသို့ဆားနှင့်သာကူစေ့ချပြီးတချက်နှစ်ချက်မွေပေးပါ။ ပြန်လည်ဆူပွက်လာပါကမီးပိတ်ပြီးအဖုံးအုပ်ထားပေးပါ။ ၁၅မိနစ်ခန့်အုပ်ထားပြီးပါကသာကူစေ့အဆန်လေးများပျောက်ကာသုံးဆောင်လို့ရပါပြီ။ရေကျဲနေတယ်လို့ထင်ရပေမဲ့တဖြေးဖြေးပစ်လာကာအရေပျောက်သွားပါလိမ့်မယ်။
နွားနို့ထမင်းကျိုနည်း
***********
ဆန်ကိုရေဆေးပြီးဆားထည့်၍ရေများများဖြင့်ကျိုပါ။ဆန်စေ့များကြေကာနူးအိလာလျှင်နွားနို့ထည့်ကျိုပါ။နွားနို့ထည့်ပြီးပါကအိုးကပ်တတ်၍မကြာခဏမွေပေးရပါမယ်။အတော်နူးလာပါက လှည့်တံဖြင့်ကျေအောင်ချေပေးပါ။စက်ဖြင့်တချက်တချက်မွေ၍လည်းရပါတယ်။ပြီးလျှင်သကြားဖြူး၍သော်လည်းကောင်း၊ သာကူကျိုဖြင့်တွဲဖက်၍သော်လည်းကောင်းသုံးဆာင် နိုင်ပါပြီ။
(ဆန်ချိန်ခွက်သုံးခွက်ကိုနွားနို့၁လီတာသုံးထားပါတယ် ။
ရေကိုတော့ပထမစတည်ချိန်တွင်များများထည့်တည်ပြီးဆန်မနူးမချင်းဖြေးဖြေးချင်းထပ်ထည့်၍တည်ပါတယ်)

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...