Chai Tow Kway
မုန်လာဥအဖြူနဲ့လုပ်ထားတဲ့ကိတ်လေးပါ။ singapore မှာတော့breakfast အတွက်တည်ခင်းလေ့ရှိပါတယ်။ဒီTurnip cake လေးကိုDeep fryကြော်ပြီး chinese dim sum အနေနဲ့ပေးလို့ရသလိုမနက်ခင်းစာကိုကြော်ပြီးလည်းသုံးဆောင်ကြပါတယ်။
Turnip cake တွင်ပါဝင်ပစ္စည်း
******************
မုန်လာဥဖြူ - အကြီးတလုံး ၄၀၀ ဂရမ်
ဆန်မှုန့် - ၃၅၀ ဂရမ်
ပြောင်းဖူးမှုန့် - ၁၀၀ ဂရမ်
Wheat Starch - ၆၀ဂရမ်
ရေ - ၁.၂ လီတာ
ဆား - လ္ဘက်ဇွန်း ၁ဇွန်း
သကြား ၂ ဇွန်း စားပွဲတင်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
ဆီ - ၃ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
(၁) မုန်လာဥကိုအခွံသင်ပြီးခြစ်ထားပါ။
(၂) ဇလုံတခုတွင် ဆန်မှုန့်ပြောင်းမှုန့်နှင့်Wheat starch တို့ကိုထည့်ပြီး ရေ တလီတာဖြင့်ဖျော်ထားပြီးနာရီဝက်ခန့်ထားပါ။
(၃)ခြစ်ပြီးသားမုန်လာဥကို ရေ ၂၀၀ ml ထည့်ပြီးကျက်အောင်တည်ပါ။
(၄)မုန့ှ်နှစ်ရည်ဇလုံထည်းသို့ပြုတ်ထားသောမုန်လာဥကိုထည့်ပါ။ ဆား၊သကြား၊ငရုပ်ကောင်းတို့ထည့်ပြီးမွေပါ။
(၅)အားလုံသမအောင်မွေပြီးပါကမီးဖိုပေါ်တင်ကာမီးအေးအေးဖြင့်ပျစ်လာအောင်ကျိုပေးပါ။အဆက်မပျက်မွေပေးပါ။
(၆)ကြွက်မြီးတန်းအနေထားတွင်ဆီထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချပါ။
(၇) မုန့်ဘမ်းကိုဆီသုတ်ပြီးမုန့်နှစ်ရည်ကိုလောင်းထည့်ကာ ရေနွေးပေါင်းအိုးဖြင့်တနာရီခန့်ပေါင်းပါ။
(၈)ပြီးလျှင်အချွန်တခုဖြင့်မုန့်သားအလယ်ကိုထိုးကြည့်ပါ။မုန့်နှစ်များမကပ်တော့လျှင်မုန့်သားကျက်ပြီဖြစ်သဖြင့်ထုတ်ယူအအေးခံထားပါ။ တညအအေးခံခြင်းဖြင့်မုန့်သားလှီးရပိုအဆင်ပြေပါတယ်။ရရှိလာသောTurnipcakeကိုမိမိနှစ်သက်ရာပုံစံဖြင့်ပြင်ဆင်သုံးဆောင် နိုင်ပါပြီ။
ခုလုပ်ထားတာလေးကတော့ ဆီပူမှာချကြော်ထားတာပါ။ နှစ်သက်ရာဆော့ သို့ Chilli sauce ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါတယ်။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment